သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး သံဃာတော်တွေ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရ


လေဘေးကယ်ဆယ်ရေးအတွက် အစိုးရ လက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ
အပေါ် စစ်အစိုးရက လမ်းညွှန်ချက်တွေ
ထုတ်ပြန်နေတဲ့ တချိန်တည်းမှာ ပြည်တွင်းက ကယ်ဆယ်ရေးလုပ်နေတဲ့ သံဃာတော်တွေ
အတွက်လည်း သံဃာ့မဟာနာယကအဖွဲ့နဲ့ အာဏာပိုင်တွေဘက်က ကန့်သတ်မှုတွေ
ရှိနေတယ်လို့ ပြည်တွင်းက သံဃာတော်
တွေက မိန့်ကြားပါတယ်။ မြင်းခြံမြို့မှာ လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ
လုပ်ကိုင်နေတဲ့ သံဃာတော်တပါးက ဒီလို
ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး မိန့်ကြားခဲ့တာကို မညိုညိုလွင်က စုစည်းတင်ပြ
ထားပါတယ်။

“သဘောတခုက အလှူခံတယ်၊ စသည်အားဖြင့် လုပ်လို့ရှိရင် သံဃာ့နာယကမှာ အလှူ
ခံခွင့်ပါမစ် တောင်းရတယ်။ အဲလိုတောင်းတဲ့အခါ သူတို့က ပါမစ်ပေးမယ်။ ဦးဇင်းတို့
အလှူခံတဲ့ဟာကို အာဏာပိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးလှူပါဆိုရင် ဦးဇင်းတို့က မလှူ
နိုင်ဘူး။ မလှူနိုင်တဲ့အတွက် ဦးဇင်းတို့က မြန်မာပြည်မှာ ထင်ရှားတဲ့ သီတဂူဆရာတော်
ကြီးနဲ့ ပူးပေါင်းပြီး မြင်းခြံသီတဂူ အဖွဲ့ခွဲအနေနဲ့ ဝါသနာတူရာ လူငယ်များနဲ့ပူးပေါင်းပြီး
မြင်းခြံအနေနဲ့ ဆောင်ရွက်ပါတယ်။”

သံဃာ့မဟာနာယကအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ သံဃာတော်တွေ
ကို အခုလို ကန့်သတ်မှုတွေ လုပ်ဆောင်နေပေမယ့် ဦးစီးဦးဆောင် ညွှန်ကြားပေးတာ
မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

“နိုင်ငံတော်သံဃာ့မဟာနာယကအနေနဲ့လည်း နာဂစ်နဲ့ပတ်သက်လို့ ဘာမှညွှန်ကြား
ချက်မပေးသလို နာဂစ်ကူညီရေးအတွက်ကိုလည်း လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြား
ချက်တွေ လုံးဝမရှိပါဘူး။”

ဆရာတော်အနေနဲ့ လေဘေးဒဏ် ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ ဟိုင်းကြီးကျွန်းကို
ရောက်ရှိခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး မိန့်ကြားတာကတော့ …

“ဟိုင်းကြီး မဲသရဲရွာကိုသွားတယ်။ မဲသရဲရွာကို ဦးဇင်းအနေနဲ့ သီတဂူအဖွဲ့ခွဲနဲ့ ပူးပေါင်း
ပြီး လူပုဂ္ဂိုလ်များ၊ သံဃာတော်များက ပံ့ပိုးပေးလိုက်တဲ့ အဝတ်အထည်များကို ဦးဇင်း
တို့က ကျေးရွာရော၊ ကျေးရွာ ဆားကွင်းထဲမှာရှိတဲ့ အိမ်ခြေ ၂၇၀ ကို တအိမ်ထောင်ကို
အဝတ်အထည် ၁၀ ထည်နှုန်းလောက်နဲ့ ဝေနိုင်ခဲ့ပါတယ်။

“အဲလိုဝေတဲ့အခါ သူတို့ရဲ့ တလရှိတဲ့အတိုင်းအတာကို နိုင်ငံတော်ရဲ့ အထောက်အပံ့ ဘယ်လောက်ရသလဲလို့ ဦးဇင်းမေးကြည့်ပါတယ်။ မေးကြည့်တဲ့အခါ အဲဒီရွာက ပုဂ္ဂိုလ်
များက ဆန် ၆ ပြည်၊ ဆီ ၅ ကျပ်သား မပြည့်တပြည့်၊ အာလူး ၅ လုံး၊ ကြက်သွန် ၇ လုံး၊
ဒါပဲရတယ်လို့ ပြောပါတယ်၊ စားသောက်ကုန်နဲ့ပတ်သက်လို့။

“အိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်လို့ကတော့ လောလောဆယ် ဆောက်နေဆဲ အိမ်တွေ
ကိုပဲ တပိဿာနဲ့ သုံးဆယ်သားပေးတယ်လို့ ပြောပါတယ်။ မဲသရဲရွာရဲ့ ဆရာတော်ကြီး
က အသက် ၉၀ နား နီးနေပါပြီ။ ကျောင်းတွေက နာဂစ်မုန်တိုင်းဒဏ်ကြောင့် အကုန်
လုံး အမိုးတွေမရှိတော့ပါဘူး။ အဲဒါကြောင့် ဆရာတော်ကြီးက ရွာထဲမှာသွားပြီး သီတင်း သုံးနေပါတယ်။

“ပထမတုန်းကတော့ တက်လမ်းကုမ္ပဏီက ဒီကျောင်းတွေကို ပြင်ပေးမယ်လို့ ဦးဇင်း
ရှေ့မှာ လာလျှောက်ပေမယ့် ဦးဇင်း ဒီကိုပြန်ရောက်ပြီး မေးကြည့်တဲ့အခါ ဒီကုမ္ပဏီတွေ
က ဆက်ပြီးမလုပ်တော့ဘူးလို့ ပြောတဲ့အတွက် ဒီကျောင်းတော်ကြီးတွေ ပြင်ဖို့ရာ
ကိုယ်တိုင်ကိုယ်ကျ ရွာက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ လုပ်သားပြည်သူများက ဝိုင်းပြီး
တော့ပဲ ဆောက်ပေးရမယ့်ပုံစံ ဖြစ်နေပါတယ်။ အဲဒီအတွက် ဒီဆရာတော်ကြီးရဲ့ နေရေးထိုင်ရေးကလည်း အင်မတန်အခက်အခဲဖြစ်နေတယ်လို့ ဦးဇင်းပြောချင်ပါ
တယ်။”

မြန်မာနိုင်ငံက သံဃာ့မဟာနာယကအဖွဲ့အနေနဲ့ အခုလို သံဃာတော်တွေရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုး ဆောင်ရွက်တာတွေ မရှိတာကြောင့် ဖျက်သိမ်းပစ်လိုက်ရင် အကောင်းဆုံးပဲလို့လည်း မြန်မာနိုင်ငံ အလယ်ပိုင်းက ဆရာတော်တပါးက အခုလို
မိန့်ကြားခဲ့ပါတယ်။

“အဲဒီအဖွဲ့အစည်းကိစ္စနဲ့ပတ်သက်ရင် စက်တင်ဘာမှာတုန်းကလည်း နိုင်ငံတော် သံဃာ့
မဟာနာယက အဖွဲ့အစည်းတွေက အာဏာရှင်ခိုင်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တုံဏှိ
ဘာေ၀ လုပ်လိုက်တယ်။ တုံဏှိဘာေ၀ ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံလိုက်တဲ့သဘော
ပဲ။ ဒါ လုပ်ခိုင်းလိုက်တဲ့သဘောပဲ။ အဲဒါပြီးတော့ အခု နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး
တော့လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့အစည်းတွေ ငြိမ်နေတယ်။ ရပ်ကွက် သံဃာ့နာယက၊ တိုင်းသံဃာ့နာယက၊ မြို့နယ်သံဃာ့နာယက၊ စတဲ့ သာသနာနဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းတွေက အားလုံးငြိမ်နေကြတယ်။

“ဒီမှာ သာသနာရေး၊ ဘာသာရေးကိစ္စနဲ့ပတ်သက်ပြီး အောက်ပိုင်းမှာ တော်တော်လေး
အတိဒုက္ခ ရောက်နေကြတယ်။ ဒါက မြန်မာနိုင်ငံမှမဟုတ်ဘူး၊ တကမ္ဘာလုံးသိနေတဲ့
ကိစ္စကြီးကို အမိန့်မထုတ်၊ ဦးစီးဦးဆောင် မလုပ်ဘဲနဲ့ ဒီတိုင်းငြိမ်နေတယ်။ ဒီတော့ နိုင်ငံတော်သံဃာ့မဟာနာယက ဖွဲ့စည်းထားတဲ့ဥစ္စာကြီးက အလကားဖြစ်နေတယ်။
အဲလို အလကားဖြစ်နေတဲ့အတူတူကတော့ ဖျက်ပစ်လိုက်တာ ကောင်းလိမ့်မယ်။ လုပ်ငန်းမှမလုပ်ဘဲနဲ့။”

မြန်မာနိုင်ငံမှာ လေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ သံဃာတော်တွေအပေါ် သံဃာ့မဟာနာယကအဖွဲ့က ကန့်သတ်ပိတ်ပင်တာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက ဆရာတော်တွေ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG