သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေကြောင်း တိုက်ခိုက်မှုကို ပါကစ္စတန်ကန့်ကွက်


အာဖဂန် နယ်စပ်အနီး စစ်ကြောရေးစခန်းကို အမေရိကန်တို့ လေကြောင်းက တိုက်ခိုက်လို့ ပါကစ္စတန် စစ်သား ၁၁ယောက် သေဆုံးတဲ့အတွက် ပါကစ္စတန် အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားတဲ့ အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ အမေရိကန် စစ်ဘက်တာဝန်ခံများရဲ့ ကြေညာချက်အရ အာဖဂန်နယ်နိမိတ်ရဲ့ မီတာ ၁၀၀လောက်အတွင်းမှာ အာဖဂန်အရှေ့ပိုင်း ကူနာပြည်နယ်မှာ သူပုန်များ ပစ်ခတ်လို့ ညွှန့်ပေါင်း တပ်ဖွဲ့တို့ လက်တုန့်ပြန် တိုက်ခိုက်ရတာ ဖြစ်ကြောင်း၊ ပါကစ္စတန်နဲ့ ကြိုတင်ညှိနှိုင်းပြီးမှ အဲဒီလို စစ်ဆင်တိုက်ခိုက်တာလို့ ရှင်းထားပါတယ်။

ပါကစ္စတန် စစ်ဘက်က ပြောခွင့်ရ ပုဂ္ဂိုလ်က အမေရိကန်တို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုကို ရှောင်တခင် တိုက်ခိုက်တဲ့ သူရဲဘောကြောင် လုပ်ရပ်လို့ဆိုလိုက်ပြီး ပါကစ္စတန်နိုင်ငံခြားရေး ဌာနကတော့ အမေရိကန် ညွှန့်ပေါင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အခြေခံကို ထိခိုက်စေတယ်လို့ ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG