သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ် နေတိုးအဖွဲ့ဝင်အဖြစ် ပြန်လည်ပူးပေါင်း


နေတိုးခေါ် မြောက်အန္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းကနေ အနှစ် ၄၀ ကြာ နုတ်ထွက်ခဲ့တဲ့ ပြင်သစ်နိုင်ငံက နေတိုးအဖွဲ့စစ်တပ်ကို ပြန်လည်ပူးပေါင်း ပါဝင်မယ်လို့ ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့် နျူကလီးယားလက်နက်တွေကိုတော့ ပြင်သစ်အမျိုးသားရေးအဖြစ် ထိန်းချုပ်ထားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံ နေတိုးအဖွဲ့ရဲ့ စစ်ရေးဆိုင်ရာ နယ်ပယ်မှာ ပြန်လည်ပူးပေါင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဆာကိုဇီက ဒီကနေ့ ပါရီမြို့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဥရောပတခွင် အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တဲ့၊ တုံ့ပြန်တဲ့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာလို့လည်း ဆိုပါတယ်။ နေတိုးအဖွဲ့ထဲကို ဘယ်တော့ ပြန်လည်ပူးပေါင်းမှာလဲ ဆိုတာကိုတော့ အတိအကျ မပြောပေမယ့် ရှေ့နှစ်မှာ ဖြစ်ဖို့များတယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

ပြင်သစ်နိုင်ငံဟာ ၂၆ နိုင်ငံပါဝင်တဲ့ နေတိုးမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပေမယ့် နေတိုးရဲ့ စစ်ရေးဆိုင်ရာ အဖွဲ့အစည်းမှာ မပါဝင်ဘဲ နေခဲ့ပါတယ်။ နေတိုးစစ်တပ်မှာ မဟာမိတ်တပ်တွေအကြား အမေရိကန်ပြည်ထောင်စုက လွှမ်းမိုးလွန်းတာကြောင့် ၁၉၆၆ ခုနှစ်မှာ ပြင်သစ်သမ္မတ ချားလ်စ် ဒီဂေါ (Charles de Gaulle) က ပြင်သစ်နိုင်ငံကို နုတ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG