သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံရေးမှာ တိုးတက်လာတဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍ


ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန် အနေနဲ့ အရေးနိမ့် သွားတယ်လို့ ဆိုရပေမဲ့ အိမ်ဖြူတော်ရောက်ဖို့ သူ့ရဲ့ ကြိုးပမ်းချက်ကြောင့် အမေရိကန် ပြည်ထောင်စုမှာ အဆုံးအဖြတ်ပေးရမယ့် ရာထူးတွေရရှိရေးအတွက် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ဖန်မျက်နှာကျက် အဟန့်အတားကို မထိုးဖောက်နိုင်ဦးတောင်မှ အက်ကြောင်းတွေတော့ တွေ့လာနေရပါပြီလို့ အကဲခတ်တွေက ပြောကြပါတယ်။ အနာဂတ်မှာ အမျိုးသမီးတဦး အမေရိကန် သမ္မတ ဖြစ်လာရေးအတွက် ဒီအတွေ့အကြုံဟာ အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ ကလင်တန်ကို မဲပေးကြတဲ့သူတွေက စိတ်ပျက်ပြီးတော့ သူ့ပြိုင်ဘက် အိုဘားမား ကို မဲပေးကြဖို့ ရှိသလားဆိုတဲ့အကြောင်းကိုတော့ ဒီသီတင်းပတ် ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။ နားဆင်ကြပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG