သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ


ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
(Gordon Brown) နဲ့ ပြင်သစ်သမ္မတ
နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)
တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်း
သတ္တိနဲ့ မြန်မာပြည်သူတွေအတွက် အနစ်
နာခံ စွန့်လွှတ်မှုတွေအတွက် ချီးကျူးတဲ့
အကြောင်း အိတ်ဖွင့်ပေးစာတစောင်
ဒီကနေ့ ပေးပို့ခဲ့ကြပါတယ်။ အပြည့်အစုံကို
ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ချစ်ခင်လေးစားရသော အောင်ဆန်းစုကြည်လို့ နွေးနွေးထွေးထွေး ခေါ်ဝေါ်သုံးနှုန်းထား
တဲ့ ဒီအိတ်ဖွင့်ပေးစာထဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ထူးခြားတောက်ပြောင်တဲ့ သူရသတ္တိနဲ့ လူထုအတွက် အနစ်နာခံမှုတွေကို ချီးကျူး
ထားကြတဲ့အပြင် သူ့ကိုလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း
စစ်အစိုးရကို တောင်းဆိုထားကြပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲဟာ ယုံကြည်ကိုးစားဖွယ် လုံးဝမရှိဘူးလို့
ဆိုထားပါတယ်။

အရပ်သားအတိုက်အခံတွေ၊ တိုင်းရင်းသားအုပ်စုတွေရဲ့ ဘက်ပေါင်းစုံ ကိုယ်စားလှယ်
တွေပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တရပ်ကို အချိန်မဆွဲဘဲ စတင်ပြုလုပ်ဖို့ မြန်မာအစိုးရကို
တောင်းဆိုလိုက်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအနေအထားဟာ ကျေနပ်စရာလည်း
မရှိသလို တာရှည်တည်တံ့နိုင်မှာလည်း မဟုတ်တဲ့အတွက် သတ္တိရှိရှိ စတင်ဆောင်ရွက်
ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်လို့လည်း ဆက်ပြောထားပါတယ်။

လေဘေးကိစ္စမှာလည်း လေဘေးသင့်ဒေသတွေဆီ အကူအညီပေးပို့ရေးကို စစ်အာဏာ
ပိုင်တွေက အဆောတလျင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ ဖော်ပြ
ထားပါတယ်။ ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ကြိုးပမ်းမှုဟာ အားတက်စရာကောင်းပြီး
လတ်တလော ကယ်ဆယ်ရေးနဲ့ ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ
အတွက် ကူညီသွားမယ်လို့လည်း ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင် နှစ်ဦးတို့က တာဝန်ယူ
ပြောကြားထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG