သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို


ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ရုံး အပြင်ဖက်မှာ စခန်းချနေကြပါတယ်။

သောကြာနေ့ကတော့ အစပိုင်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆံခတ် ရှိခဲ့ပေမယ့် နောက်ပိုင်း ဝန်ကြီးချုပ်ရုံးရှေ့ဂိတ်ကို လူအုပ်ကြီး ရောက်လာတဲ့နောက် ရဲဖက်က တင်းတင်းမာမာ ကိုင်တွယ် ဆောင်ရွက်တာမရှိပါဘူး။

ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောဆိုကြပြီး၊ အလံတွေကို ဝှေ့ရမ်း သီချင်းတွေကို သီဆိုကြပါတယ်။

ဝန်ကြီးချုပ် ရာထူးကနေ ဆင်းမယ့်အချိန်အထိကို ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

PAD ဒီမိုကရေစီပြည်သူ့မဟာမိတ်အဖွဲ့ဝင်တွေဟာ အခုလို ဝန်ကြီးချုပ် ဆမတ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ စုရုံး ဆန္ဒပြခဲ့ကြတာ လွန်ခဲ့တဲ့ သုံးပတ်ကတည်းကပါ။

ဝန်ကြီးချုပ် ဆမတ် အစိုးရအဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့ ရုပ်သေးအစိုးရသာ ဖြစ်တယ်လို့ PAD က စွပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG