သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်များနေ့မှာ မြန်မာအစိုးရကို အမေရိကန်သမ္မတ ကတော်က ဝေဖန်


မနေ့က ကမ္ဘာတဝှမ်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်အနား ကျင်းပခဲ့ကြပါတယ်။ ဒုက္ခသည်များနဲ့ လူဝင်မှုဆိုင်ရာ အမေရိကန် ကော်မတီက ကမ္ဘာတဝှမ်း ဒုက္ခသည်ပေါင်း ၁၄ သန်းထက်မနဲ ရှိတယ်လို့ ကြာသပတေးနေ့က ပြောဆိုပြီး ဒါဇင်နဲ့ချီ နိုင်ငံတွေမှာ သူတို့ဟာ မတရားပြုကျင့်ခံရပြီး အကူအညီ မရကြဘူးလို့ ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ဝင်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်ကနေ လူ ၂ သန်းလောက် ထွက်ပြေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အီရတ်ဒုက္ခသည် အများအပြားဟာ ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အခြေချခဲ့ကြပေမယ့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရကြဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ မနေ့က အိမ်ဖြူအခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်က အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ နေထိုင်တဲ့ မိသားစု အများအပြားဟာ ခြိမ်းခြောက်မှု ခံနေရတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကို ဒုက္ခသည်စခန်းတွေဆီရောက်အောင် ဖိနှိပ်ချုပ်ချယ်တဲ့ မြန်မာစစ်အစိုးရက တွန်းထုတ်ခဲ့တယ်လို့ သမ္မတကတော်က ဆက်လက်ပြောကြားပါတယ်။

XS
SM
MD
LG