သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်းဆိုဆန္ဒပြမှုတွေ ရှိနေပေမယ့် ထိုင်းဝန်ကြီးချုပ် နှုတ်ထွက်မည်မဟုတ်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာေ၀ ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ လူအမြောက် အများက တောင်းဆိုနေကြပေမဲ့ ဝန်ကြီးချုပ် ကတော့ ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ရာထောင်ချီတဲ့ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ် ရဲ့ ဘန်ကောက်က ရုံးခန်းအပြင်မှာ စတည်းချ နေကြပါတယ်။ ဒါပေမဲ့လို့ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာပဲ ပြောကြား သွားပါတယ်။

သောကြာနေ့တုန်းကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား ကတောက်ကဆ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်ရဲ့ ရုံးရှေ့မှာ ထိုင်သပိတ် မှောက်ဖို့ ရုံးဝန်းခြံ တံံခါးနားအထိ ရောက်လာတဲ့ ဆန္ဒပြသူ လူအုပ်ကြီးကို ရဲက တားဆီး ခုခံတာမျိုး မလုပ်သလောက်ပါပဲ။ ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောကြားပြီး အလံတွေ ဝှေ့ယမ်း သီချင်းတွေ ဟစ်အော် သီဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်တဲ့အထိ ရုံးရှေ့မှာ ထိုင်ကြမယ်လို့လည်း သူတို့က သံဓိဋ္ဌာန်ချထားကြတာပါ။

မစ္စတာ ဆမတ် ရာထူးက နှုတ် ထွက်ဖို့အတွက် အတိုက်အခံ တပ်ပေါင်းစု တခုဖြစ်တဲ့ People's Alliance For Democracy အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ၃ ပတ်လုံး လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG