သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်သွားသော ဖိလစ်ပိုင်သင်္ဘောမှ ပျောက်ဆုံးခရီးသည်များကို ရှာဖွေ


ဖိလစ်ပိုင်နိုင်ငံမှာ စနေနေ့က တိုက်ခတ်ခဲ့တဲ့
တိုင်ဖွန်းမုန်တိုင်းကြားမှာ ခရီးသည်တင် ဖယ်ရီ
သင်္ဘောမှောက်ပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ လူ
၈၀၀ ကျော်ကို ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့
တွေအပြင်းအထန် ရှာဖွေနေကြပါတယ်။

မုန်တိုင်းကျပြီး လှိုင်းတွေထန်တဲ့ ပင်လယ်ပြင်ထဲ
မှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိလိုရှိငြား
အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။

နောက်ဆုံးရတဲ့သတင်းအရ ခရီးသည် ၈၀၀
ထဲက အနည်းဆုံး လူ ၃၁ ယောက် အသက်ရှင်
ကျန်ရစ်ခဲ့တဲ့အကြောင်း ဖိလစ်ပိုင် ကမ်းခြေ
စောင့်တပ်ဖွဲ့က ပြောပါတယ်။

တနင်္ဂနွေနေ့ကတော့ ပင်လယ်ပြင်မှာ အသက်ကယ်လှေနဲ့ ၂၄ နာရီကျော် မျောပါနေ
ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေ ကွီဇွန်ပြည်နယ်ထဲက မြို့တမြို့ရဲ့ကမ်းမှာ လာတင်နေ
တဲ့အကြောင်း ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူရမ် (Sibuyan) ကျွန်းနားမှာ The princess of Stars
ခရီးသည်တင်သင်္ဘော ဖန်ရှန် (Fengshen) တိုင်ဖွန်းမုန်တိုင်းကြားမှာ စနေနေ့က
မျောပါနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ ဆီဘူးကျွန်းကို
အသွား လမ်းမှာ တိမ်းမှောက်ခဲ့တာပါ။

ပင်လယ်ပြင်ထဲမှာ ခရီးသည်တင်သင်္ဘောရဲ့ ထိပ်ပိုင်း အစအနလေးတခုလောက်ပဲ
တွေ့ရပြီး အဲဒီနေရာမှာ အသက်ရှင်ကျန်ရစ်သူတွေများ ရှိမလားဆိုပြီး မတွေ့ရတဲ့
အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG