သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးပွင့်ဆိုင် ဗဟိုအဖွဲ့က မုန်တိုင်းအပျက်အစီး စစ်ဆေးပြီးစီး


အရင်လက ကျရောက်ခဲ့တဲ့ မုန်တိုင်းရဲ့
အပျက်အစီးဒဏ်ကို နိုင်ငံတကာ သဘာဝ
ဘေးအန္တရာယ် အကဲဖြတ်အဖွဲ့က
ပြည့်ပြည့်စုံစုံ အကဲဖြတ် ပြီးသွားခဲ့ပါပြီ။

ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများ
အသင်း (အာဆီယံ) နဲ့ မြန်မာစစ်အစိုးရ
တို့ရဲ့ ကိုယ်စားလှယ် ၃၅၀ နဲ့ ဖွဲ့စည်းထား
တဲ့ ပူးတွဲ အကဲဖြတ်ရေးအဖွဲ့ဟာ လေဘေး
သင့်ရွာပေါင်း ၃၈၀ က ပြန်ရောက်လာခဲ့
ကြပါပြီ။

သုံးပွင့်ဆိုင်အဖွဲ့လို့ခေါ်တဲ့ အဲဒီအဖွဲ့ဟာ သူ့အကဲဖြတ်ချက်ပြီးဆုံးကြောင်း အဖွဲ့ရဲ့ ပထမ
ဆုံး သတင်းထုတ်ပြန်ချက်မှာ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

နောက်လ စင်ကာပူနိုင်ငံမှာကျင်းပမယ့် အစည်းအဝေးမှာ အဖွဲ့ရဲ့အစီရင်ခံစာကို တင်ပြ
မှာပါ။ အရင်ကလုပ်ခဲ့တဲ့ အကဲဖြတ်ချက်တွေကို အခုတွေ့ရှိချက်တွေက အနည်းနဲ့အများ
အတည်ပြုပေးပါတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ပူးတွဲအဖွဲ့ရဲ့ အင်္ဂါနေ့က အစည်းအဝေးမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက
သေဆုံးသူဦးရေဟာ ၈၄,၅၃၇ ယောက်ဖြစ်ပြီး ပျောက်ဆုံးနေသူက ၅၃,၈၃၆ ဖြစ်တယ်
လို့ ပြောပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ ၈၄,၀၀၀ ကျော်ဖြစ်တယ်လို့
မြန်မာစစ်အစိုးရက တိုးမြှင့်ပြောဆိုလိုက်ပြီး ၅၄,၀၀၀ ဟာလည်း ပျောက်ဆုံးနေဆဲ
ဖြစ်တယ်လို့ ဆိုပါတယ်။ လူ ၂၀,၀၀၀ က ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း သူက ဆိုပါ
တယ်။

ဦးကျော်သူဟာ သုံးပွင့်ဆိုင် ဗဟိုဦးဆောင်အဖွဲ့က မြန်မာစစ်အစိုးရရဲ့ ထိပ်တန်း
ကိုယ်စားလှယ် သုံးယောက်အနက် တယောက်ဖြစ်ပါတယ်။

XS
SM
MD
LG