သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆နှစ်ကြာ ပြန်ပေးဆွဲခံထားရသည့် Ingrid Bentancourt ကိုလံဘီယာတပ်များ ကယ်ဆယ်


ကိုလံဘီယာနိုင်ငံမှာ လက်ဝဲ သူပုန်တွေကနေ လွန်ခဲ့တဲ့ ၇နှစ်လောက်ကတည်းက ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ အမေရိကန် ကာကွယ်ရေးဌာန ကန်ထရိုက် ဝန်ထမ်း သုံးဦးနဲ့ ပြင်သစ်နွယ် ကိုလံဘီယာ နိုင်ငံရေးသမား အင်းဂရက် ဘန်တန်ကုတ် ကို လုံခြုံရေးအဖွဲ့တွေက တောတွင်း တနေကနေ ကယ်ဆယ်ခဲ့တယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

ကိုလံဘီယာ အရှေ့ဖက်ခြမ်းမှာ လုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးအတွင်း ကိုလံဘီယာ လုံခြုံရေးအဖွဲ့ဝင် ၁၁ဦးကိုလည်း ဘာမှ အထိအခိုက် မရှိစေပဲ ကယ်တင် နိုင်ခဲ့ပါတယ်လို့ ကိုလံဘီယာ ကာကွယ်ရေးဝန်ကြီး Juan Manuel Santos က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာသွားပါတယ်။ ဒီစစ်ဆင်ရေးကို ကိုလံဘီယာ ထောက်လှမ်းအဖွဲ့ကနေ စီစဉ် ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူတို့အားလုံးကို Bogota ကို စစ်လေယဉ်နဲ့ ခေါ်ဆောင်သွားရာမှာ အဲဒီမှာ Bentancourt ဟာ မိခင်ဖြစ်သူ ခင်ပွန်းဖြစ်သူတို့နဲ့ စိတ်လှုပ်ရှားဖွယ် ပြန်လည် ဆုံတွေ့ခဲ့ပါတယ်။

အခုလို သူတို့ကို ဘေးမသီရန်မခ ပြန်လည် လွတ်မြောက်လာစေမှုအတွက် ဘုရားသခင်ကိုရော ကိုလံဘီယာစစ်တပ်နဲ့ သမ္မတ Alvaro Uribe ကိုပါ ကျေးဇူး တင်တယ်လို့ ဘန်တန်ကုတ်က ပြောပါတယ်။ အခု စစ်ဆင်ရေးဟာ အံဖွယ် ကောင်းလောက်အောင် ပြီးပြည့်စုံတဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ ပြောပါတယ်။

ပြန်ပေးဆွဲ အထိန်းသိမ်း ခံနေရစဉ်အတွင်း သူမ လွတ်မြောက်ရေးအတွက် စိတ်ထဲမှာထား ပြောဆို ဆောင်ရွက်ခဲ့ကြတဲ့ ကိုလံဘီယာ ပြည်သူတွေနဲ့ ပြင်သစ် နိုင်ငံကိုပါ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ သူမ လွတ်မြောက်ရေးအတွက် ပြင်သစ်နိုင်ငံက အတော်လေးကို အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။ သူမ အတော်လေး နာမကျန်း ဖြစ်နေတယ်လို့ သတင်းရတဲ့နောက် ပြင်သစ်ကနေ လူသားချင်းစာနာ ကူညီမှုအဖွဲ့ တဖွဲ့ ကိုလံဘီယာကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ဝဲသူပုန်တွေက ဒီအဖွဲ့နဲ့ သူမ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG