သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၀၀ ကျော် မြန်မာပြည် ဝင်ခွင့်ဗီဇာ ထုတ်ပေးခဲ့


မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာ
အကူအညီပေးလုပ်သား ၁,၅၀၀ ကျော်ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ
ပေးခဲ့တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ အစိုးရအာဘော် သတင်းစာတွေကို ကိုးကားပြီး
အေပီသတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီလုပ်သားတွေထဲက တဝက်ဟာ
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ကြသူတွေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက် ၃ ရက်နေ့တွေမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့
နောက် အကူအညီပေးချင်ကြတဲ့ နိုင်ငံတကာက လုပ်သားတွေကို မြန်မာစစ်အစိုးရက
ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အစောပိုင်းမှာ ဝေဖန်ခံခဲ့ရပါတယ်။ မုန်တိုင်းကြောင့်
လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။

မေလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အကူအညီပေး လုပ်သားတွေကို
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီ သွားခွင့်ပြုဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်သားတွေ လွတ်လွတ်
လပ်လပ် သွားလာလုပ်ကိုင်နိုင်ခွင့်တွေပေါ်မှာတော့ အကန့်အသတ်တွေ လုပ်ထားခဲ့ပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG