သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေး ရံပုံငွေ ပိုမိုလိုအပ်


ပြီးခဲ့တဲ့နှစ်လကျော်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကျန်းမာရေးဆိုင်ရာ
လုပ်ငန်းတွေ ထိခိုက်ပျက်ဆီးခဲ့ရသလို နဂိုကတည်းကလည်း ကျန်းမာရေး
စောင့်ရှောက်မှု မကောင်းတာကြောင့် အခုလို မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား သင့်ခဲ့ပြီးတဲ့
နောက်ပိုင်း အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေး ပြုစု
စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ UNFPA ကုလသမဂ္ဂ လူဦးရေ
ရန်ပုံငွေအဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဆေးဝါးအထောက်အကူ ပစ္စည်းတွေနဲ့ ဆေးပညာတတ်ကျွမ်းသူတွေ နည်းပါးလွန်းတာ
ကြောင့် အမျိုးသမီး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေး အထူး
စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ မုန်တိုင်းသင့်ဒေသတွေကို မကြာသေးခင်ကမှ
သွားရောက်ခဲ့တဲ့ UNFPA အာရှဒေသဆိုင်ရာပြောခွင့်ရ ဝီလျံ အေ.ရိုင်ယမ် (William A.
Ryan) က ပြောပြပါတယ်။

“မုန်တိုင်းကြောင့် လူပေါင်း ၂.၄ သန်းလောက် ဒုက္ခရောက်ခဲ့ကြရတဲ့အထဲမှာ ကိုယ်ဝန်
ဆောင်အမျိုးသမီးတွေလည်း ထောင်နဲ့သောင်းနဲ့ချီပြီးတော့ ပါပါတယ်။ ဒီအထဲမှာ
၄,၀၀၀ ကျော်လောက်ဟာ မကြာခင် မီးဖွားတော့မယ့်သူတွေပါ။ သူတို့အတွက်
ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။ မုန်တိုင်း
ကြောင့် ဆေးခန်းတွေ အများအပြား ပျက်ဆီးခဲ့သလို သားဖွားဆရာ၊ ဆရာမတွေလည်း
သေဆုံးခဲ့အထဲမှာ ပါခဲ့တာပါ။ ဒါကြောင့် အခုအခါ ဒီအမျိုးသမီးတွေ အသက်အန္တရာယ်
မရှိ မီးဖွားနိုင်ဖို့ သန့်ရှင်းစိတ်ချရတဲ့ ဆေးကိရိယာတွေ၊ ဆေးဝါးအထောက်အပံတွေ
အပြင် သူတို့အတွက် တနေရာကနေ တနေရာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့
ဆေးခန်းတွေနဲ့ ဆေးဝန်ထမ်းတွေ အရေးတကြီး လိုအပ်နေတာပါ။

ဘာဖြစ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးကို အထူးအလေးထား ပြောနေရတာ
လဲဆိုတော့ မိခင်ကနေ ကိုယ်ဝန်ကို ထိခိုက်နိုင်သလို ကလေးနဲ့မိခင်အတွက် အာဟာရ
ချို့တဲ့တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။ နောက်တခါ မုန်တိုင်းဒဏ်ကို ကိုယ်တိုင်ကြုံတွေ့
လိုက်ရတဲ့အခါ၊ မိသားစုတွေ သေဆုံးရတဲ့အခါ ကြုံတွေ့တဲ့ ထိတ်လန့်တုန်လှုပ်တဲ့
စိတ်တွေရှိသလို ကိုယ်ဝန်ကြောင့် နောက်ဆက်တွဲ စိတ်အင်အားကျဆင်းတာနဲ့အတူ
တခြားရောဂါမျိုးစုံ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်လွယ်တဲ့ ကိုယ်ဝန်ဆောင်မိခင်
တွေအတွက် ကျန်းမာရေးအကူအညီတွေ အရေးတကြီး လိုအပ်နေတာပါ။”

အခုလို မုန်တိုင်းသင့်ဒေသမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာရေး
အကူအညီတွေ အပူတပြင်း လိုအပ်နေတာကြောင့် ဒီဒုက္ခသည်တွေကို ကူညီဖို့အတွက်
ရန်ပုံငွေတိုးပေးဖို့ ကုလသမဂ္ဂမှာ တောင်းခံဖို့ရှိတဲ့အကြောင်းလည်း မစ္စတာဝီလျံက
ပြောပါတယ်။

“မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် ရန်ပုံငွေတိုးပေးဖို့ ဒီနေ့နှောင်းပိုင်းမှာ
ကုလသမဂ္ဂကို မေတ္တာရပ်ခံဖို့ ရှိပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးနဲ့ပတ်သက်လို့
ကျနော်တို့မှာ အများကြီးလုပ်စရာ ရှိပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့
ကျန်းမာရေးကိုလည်း ကျနော်တို့ မေ့ထားလို့မရသလို သူတို့အတွက် ဆေးဝါးနဲ့
ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ၊ ဆေးဝန်ထမ်းတွေနဲ့ နောက်ထပ်
ဆေးဝန်ထမ်းတွေ မွေးထုတ်ပေးဖို့ ကျန်းမာရေးသင်တန်းတွေလုပ်ဖို့ ငွေကြေး
အထောက်အပံ့ ပိုလိုအပ်နေတာပါ။”

UNFPA အာရှဒေသဆိုင်ရာ ပြောခွင့်ရ ဝီလျံ အေ.ရိုင်ယမ်က ပြောပြသွားတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG