သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်သမ္မတကို ဒါးဖောဒေသ စစ်ရာဇဝတ်မှုများအတွက် စွဲချက်တင်


ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသမှာ ကျူးလွန်ခဲ့တဲ့ အစု
လိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားအဖြစ်ကို
ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု
တွေအတွက် ဆူဒန်သမ္မတ အိုမာ အယ်လ်-
ဘရှီးယား (Omar al-Bashir) အပေါ် နိုင်ငံတကာ
ရာဇဝတ်တရားခုံရုံး (ICC) ရှေ့နေချုပ်က စွဲချက်
တင်လိုက်ပါပြီ။

လူသတ်မှုတွေကို ကြိုးကိုင်စီစဉ်ခဲ့တာ၊ အမျိုး
သမီးတွေအပေါ် မတော်မတရားပြုကျင့်တာနဲ့
ဒါးဖောဒေသက ဖားရ်၊ မာဆာလစ်တ်နဲ့ ဇာဂါဝါလူမျိုးစုတွေကို အတင်းအဓမ္မ နှင်ထုတ်
ခဲ့တာတွေအတွက် ရှေ့နေ လူးဝစ္စ မာရီးနိုး အိုကမ်းပိုး (Luis Moreno-Ocampo) က
မစ္စတာဘရှီးယားကို ဒီကနေ့ စွပ်စွဲလိုက်တာပါ။

ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဖမ်းဆီးမိန့်ကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်ပေါင်းများစွာတို့ဟာ
တနင်္ဂနွေနေ့က ဆူဒန်နိုင်ငံ ခါတွမ်မ်မြို့မှာ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ
အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr. Ban Ki-moon) နဲ့ ဆူဒန်သမ္မတတို့ တယ်လီဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။
ဒါးဖောဒေသက ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတဲ့ထိ
ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သီတင်းပတ်က တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ကုလ
အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့လည်း မစ္စတာ
ဘရှီးယားကို ကုလအတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG