သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) မြန်မာနိုင်ငံသွားဖို့ရှိ


ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာနဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) (John Holmes) နာဂစ်ဆိုင်ကလုံး လေမုန်တိုင်း ကျပြီးတဲ့နောက် မြန်မာပြည်က အခြေအနေကို အကဲဖြတ်ဖို့အတွက် ရှေ့သတင်းပတ်ထဲ မြန်မာနိုင်ငံသွားရောက်မယ်လို့ ကြေငြာလိုက်ပါတယ်။

အာဆီယံနဲ့ပူးတွဲ အကဲဖြတ်ရေး စတင်လုပ်ဆောင်ဖို့ စင်္ကာပူနိုင်ငံကို သူ ဦးစွာသွားမယ် အဲဒီနောက် မြန်မာနိုင်ငံကို ခရီးဆက်မယ်လို့ မစ္စတာဟုမ်း(စ်) က ပြောဆိုပါတယ်။ လေမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သူ ထပ်မံသွားရောက်မယ်။ စစ်အစိုးရတာဝန်ခံများနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားတယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာလေဘေးအတွက် မူလတောင်းခံထားတဲ့ ဒေါ်လာ ၂၀၁ သန်းအစား အမေရိကန်ဒေါ်လာ သန်း ၄၈၀ အထိ ထည့်ဝင်သွားကြဖို့ အယင် သတင်းအပတ်အတွင်းမှာ ကုလသမဂ္ဂက ပန်ကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG