သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်းပြုပြင်ပြောင်းလဲရေး လူငယ်တွေအကျိုးဆောင်ဖို့ ပုပ်ရဟန်းမင်းကြီးသြဝါဒပေး


ဘာသာရေး စွန့်ပယ်ရှောင်ခွာမှုတွေ ကမ္ဘာတဝန်း ပျံ့နှံ့နေတာကို သတိထားကြဖို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီကနေ့ ထောင်နဲ့ချီပြီး စုဝေး ရောက်ရှိလာကြတဲ့ ငယ်ရွယ်သူ ကက်သလစ် ဘုရားဖူးတွေကို ပုပ်ရဟန်းမင်းကြီး ဘာနာဒစ် (Pope Benedict) က ပြောဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ အလည်အပတ်ခရီးစဉ်အဆုံး တရားပွဲမှာ ပုပ်ရဟန်းမင်းကြီးက တက်ရောက် လာတဲ့ ပရိတ်သတ် ၃ သိန်းလောက်ကို လောဘရမ္မက်နဲ့ ပစ္စည်းဥစ္စာ တပ်မက်မှုတွေကို ပစ်ပယ်ကြဖို့ ပြောဆိုလိုက်တာပါ။ ဆစ်ဒနီမြို့မှာ ရဟတ်ယာဉ် တတန် ကားတတန်နဲ့ ပုပ်ရဟန်း မင်းကြီးက ကက်သလစ်လူငယ်တွေ အင်သစ်အားသစ်တွေ ပြန်လည် ရရှိလာစေဖို့ ရည်ရွယ်ပြီး ၆ ရက်ကြာကျင်းပနေတဲ့ ကမ္ဘာ့ လူငယ်များနေ့ကို ဦးဆောင် ကျင်းပနေခဲ့တာပါ။

မနေ့တုန်းကတော့ ပုပ်ရဟန်း မင်းကြီးက ကလေးငယ်တွေကို လိင်ဆိုင်ရာ မတော်တရော် ပြုကျင့်တဲ့ ဘုန်းတော်ကြီးတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပြီး သြစတြေးလျနိုင်ငံက ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေပါ ပါဝင်ပတ်သက်ခဲ့တဲ့ အရှုပ်တော်ပုံတွေ အတွက်လည်း တောင်းပန်စကား ပြောကြား ခဲ့ပါတယ်။ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်သူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဖို့လည်း လိုတယ်လို့ ပုပ်ရဟန်းမင်းကြီး ဘာနာဒစ် က ပြောဆိုခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG