သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံသစ်ကို လက်မခံဖို့ ကုလသမဂ္ဂကို မြန်မာလွှတ်တော်အမတ် ၅ ဦး တိုက်တွန်း


မြန်မာပြည်မှာ စစ်အစိုးရက ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ရလဒ်များ
တရားမဝင်ဘူးလို့ ကြေညာပေးပါလို့ မြန်မာပြည်တွင်း အတိုက်အခံ နိုင်ငံရေးသမား
တစုက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။

ဇင်ဘာဘွေနိုင်ငံက သိက္ခာမဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ချသလိုပဲ မြန်မာပြည်က
စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲ ရလဒ်ကိုလည်း အလားတူ လက်မခံ ပယ်ချပါလို့ ကုလ
သမဂ္ဂကို တိုက်တွန်းတဲ့စာတစောင် တနင်္လာနေ့မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က ရရှိခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရပေမယ့် လွှတ်တော်
ခေါ်ခွင့် မရကြတဲ့အထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်က ဖွဲ့စည်းပုံ
လူထုဆန္ဒခံယူပွဲကို အတုအယောင်ကြီးလို့ အဲဒီစာထဲမှာ ဖော်ပြလိုက်ပါတယ်။

အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနဲ့ အဓိပ္ပာယ်ရှိတဲ့ စကားဆိုပွဲ
ပြုလုပ်ပါလို့ စစ်အစိုးရကို အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်း
ထားတဲ့ အဲဒီစာရဲ့မိတ္တူကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံကို ပေးပို့ရင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) နဲ့ သမ္မတကတော်
လော်ရာဘုရှ် (Laura Bush) တို့ထံကိုလည်း ပေးပို့လိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ်
ဂမ်ဘာရီ (Ibrahim Gambari) ရှေ့လထဲ မြန်မာနိုင်ငံကို ပြန်မသွားခင်မှာ အဲဒီစာကို
လွှတ်တော်အမတ် ၅ ဦးက ရေးသားပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG