သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ခံဒေသ ကျန်းမာရေးဆိုင်ရာ ပြန်လည်တည်ဆောက်ရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကူညီမည်


မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ကျန်းမာရေးဆိုင်ရာ
ပစ္စည်းကိရိယာတွေ၊ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက် တပ်ဆင်ရေး
အတွက် ကူညီမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ လီဆာ ရှလိုင်း
(Lisa Schlein) သတင်းပေးပို့တာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးခံခဲ့ရတဲ့ မုန်တိုင်းဒဏ်ကြောင့် ဘယ်
အတိုင်းအတာအထိ ပျက်ဆီးဆုံးရှုံးခဲ့သလဲဆိုတဲ့အပေါ် ပြည့်စုံတဲ့ သုံးသပ်ချက် ထွက်ပေါ်
လာခဲ့ပြီးနောက်မှာ ဘာတွေဆက်လုပ်ရမလဲဆိုတဲ့ ရှင်းလင်းတဲ့အစီအစဉ်တွေ လုပ်နိုင်
ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ သုံးပွင့်ဆိုင် လေ့လာသုံးသပ်မှုတွေ
အရ နာဂစ်မုန်တိုင်းကြောင့် ဒေါ်လာ သန်း ၄,၀၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ပြီး
နောင် ၃ နှစ်အတွင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း
၁,၀၀၀ လောက် လိုအပ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ မေလဆန်းမှာ တိုက်ခတ်သွားတဲ့
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၈၄,၀၀၀ ကျော်သေဆုံးပြီး ၈၀၀,၀၀၀ ကျော် အိုးမဲ့
အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။

မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆေးရုံနဲ့ ဆေးပေး
ခန်းပေါင်း ၇၅% လောက် ပျက်ဆီးခဲ့ရ၊ ဒါမှမဟုတ်လည်း အကြီးအကျယ် ထိခိုက်ခဲ့ရ
တယ်လို့ သုံးပွင့်ဆိုင် လေ့လာသုံးသပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလို
အစီရင်ခံစာထုတ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံမှာ သီတင်း ၆ ပတ်နေပြီး လေ့လာခဲ့တဲ့
ဒေါက်တာ ရစ်ချတ်ဒ် ဂါးဖီးလ်ဒ် (Dr. Richard Garfield) က သူသိရှိခဲ့ရတာတွေကို ခုလို
ပြောပါတယ်။ ဒေါက်တာဂါးဖီးလ်ဒ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကျန်းမာရေးနဲ့
အာဟာရဖွံ့ဖြိုးမှုဆိုင်ရာဌာနက ဖြစ်ပါတယ်။

"ကျနော်တို့ တရွာဝင်တရွာထွက် သွားပြီး ရွာတိုင်းမှာ အိမ်ထောင်စု ၁၀ စုကနေ ၁၂ စု
ကို တွေ့ဆုံမေးမြန်းမှုတွေ၊ ရွာသူကြီးတွေရဲ့ ပြောပြချက်တွေအရ ကျနော်တို့ အရင်
သိထားတာထက်ကို အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေကို တွေ့ရှိခဲ့
ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒဏ်ခံရတဲ့ အတိုင်းအတာဟာ ကြီးမားလွန်းတဲ့အတွက်
လုံလောက်တဲ့ တုံ့ပြန်မှု၊ စောင့်ရှောက်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မုန်တိုင်းအပြီး
မှာ ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ကျနော်တို့ ထင်ထားတာထက်ကို
ရှိနေတာ တွေ့ရပါတယ်။"

မုန်တိုင်းဒဏ်ခံ ဒေသတွေဆီကို ဆရာဝန်တွေ၊ သူနာပြုတွေ အများအပြားကို အစိုးရက
စေလွှတ်ပေးခဲ့တဲ့အပေါ်မှာလည်း အံ့သြခဲ့ရတယ်လို့ ဒေါက်တာဂါးဖီးလ်ဒ်က ပြောပါ
တယ်။ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာ
တွေ၊ အဆောက်အဦးတွေကို ပြန်လည်တည်ဆောက် တပ်ဆင်ရေးအတွက် ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ကြီးက အစီအစဉ်ရှိတာကိုလည်း သူက ပြောပြခဲ့ပါတယ်။

"မုန်တိုင်းဒဏ်ခံထားရတဲ့ ဒေသတွေမှာ တနှစ်အတွင်းမှာကို အရင် မုန်တိုင်းမဖြစ်ခင်
ကာလက အခြေအနေမျိုးတွေ ပြန်လည်ရောက်ရှိစေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။
Built Back Better ဆိုတဲ့ ပုံမှန်အနေအထားရောက်အောင် ပြန်လည်တည်ဆောက်ပေး
ပြီး အခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်ရေးဆိုတဲ့ စံနဲ့ ကိုက်ညီစေဖို့ ဖြစ်ပါတယ်။
ဘယ်လို ကူညီလုပ်ဆောင်ပေးရမယ်ဆိုတာ ကျနော်တို့ အခု ခန့်မှန်းနိုင်ပါပြီ။"
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာဌာနက ဒေါက်တာ
ရစ်ချတ်ဒ် ဂါးဖီးလ်ဒ် ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ခံထားရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွေဆီကို နိုင်ငံခြားသား ကူညီ
ကယ်ဆယ်ရေး လုပ်သားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်မပေးတဲ့အတွက်
စစ်အစိုးရအပေါ် ဝေဖန်မှုတွေရှိနေပေမယ့် ဒေါက်တာ ရစ်ချတ်ဒ် ဂါးဖီးလ်ဒ်ကတော့
ကုလသမဂ္ဂ ဝန်ထမ်းတွေအနေနဲ့ အစိုးရရဲ့ နှောင့်ယှက်မှုမရှိဘဲ လွတ်လွတ်လပ်လပ်
သွားလာနိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG