သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဒိုဗန် ခရာဒစ်ရှ် ပြစ်မှုတရားရုံးတွင် ကိုယ်တိုင် ခုခံလျှောက်လဲမည်


ဘော့စနီးယား ဆာ့ဗ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကရာဒစ်ရှ် (Radovan Karadzic) ဟာ သူ့အပေါ် စွဲဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲဆိုချက်တွေကို The Hague မြို့က စစ်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂ တရားခုံရုံးမှာ သူကိုယ်တိုင် ထုချေ လျှောက်လဲမယ်လို့ ကရာဒစ်ရှ် ရဲ့ ရှေ့နေ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ ဘော့စနီးယား ဥပဒေအကြံပေး အဖွဲ့တခုကလည်း ကရာဒစ်ရှ် အတွက် အကူအညီပေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် သူ့ကို ကုလသမဂ္ဂ တရားခုံရုံးဆီ လွှဲပြောင်းမယ့် ဆုံးဖြတ်ချက်ကိုလည်း ကရာဒစ်ရှ် က အယူခံဝင်မယ်လို့ ပြောပါတယ်။ ကရာဒစ်ရှ် ဟာ ဘဲလ်ဂရိတ်မြို့တနေရာကနေ နောက်တနေရာကို ခရီးသွားနေတုန်း တနင်္လာနေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ကူညီနေတယ်လို့ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်ပြီး ကရာဒစ်ရှ် ကို ခြေရာခံမိခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ ဘော်လကန်စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ ဘော့စ်နီးယား၊ ခရိုဧရှားနဲ့ မူဆလင်တွေကို သတ်ဖြတ်ခဲ့တာ၊ မတော်မတရား ပြုကျင့်ခဲ့တာ၊ နှိပ်စက်ညှင်းပမ်း ခဲ့တာတွေအတွက် ကရာဒစ်ရှ်မှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှုဆိုင်ရာ တရားခုံရုံးက သူ့ကို စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG