သုံးရလွယ်ကူစေသည့် Link များ

စစ်အစိုးရ လမ်းပြမြေပုံ ခရီးမပေါက်နိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝေဖန်


အာဆီယံနိုင်ငံတွေအကြား ဒီမိုကရေစီနဲ့
လူ့အခွင့်အရေး ရှင်သန်ပြန့်ပွားရေးမှာ
မြန်မာနိုင်ငံဟာ လမ်းချော်ထွက်နေတယ်
လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice)
က ပြောဆိုလိုက်ပါတယ်။

နာဂစ်ဆိုင်ကလုံး မုန်တိုင်းဘေးသင့် ဒုက္ခ
သည်တွေ ကူညီရေး နိုင်ငံတကာ အကူ
အညီတွေလက်ခံဖို့ အစောပိုင်းက
ငြင်းဆန်ခဲ့တဲ့ မြန်မာစစ်အစိုးရကို ၀န်ကြီး
ရိုက်စ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဒေသတွင်းလုံခြုံရေး နှီးနှောဖလှယ်ပွဲ
တက်ရောက်နေတဲ့ ၀န်ကြီး ရိုက်စ်က ဒီနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်တာ
ပါ။

မြန်မာစစ်အစိုးရရဲ့ အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီ လမ်းပြမြေပုံဟာ အတုအယောင်
သဘောမျိုး ဆောင်နေတာကြောင့် ဘယ်ကိုရောက်မယ့် လမ်းညွှန်မြေပုံ မဟုတ်ဘူးလို့
လည်း ဝေဖန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အာဆီယံခေါင်းဆောင်
တွေက တိုက်တွန်းကြဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG