သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးချစ်စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် (၁၉၁၅-၁၉၉၉) အကြောင်း သိကောင်းစရာ (ပထမပိုင်း)


မြန်မာ့နိုင်ငံရေး နဲ့ စာပေလောကမှာ လူသိထင်ရှားတဲ့ ကိုလိုနီခေတ် မြန်မာ့အမျိုးသမီးခေါင်းဆောင်၊ မျိုးချစ် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် ရဲ့ ဇာတီသွေး၊ ဇာတီမာန် တက်ကြွမှု၊ စံနမှုနာယူထိုက်သော အကျင့်သီလ၊ သိက္ခာသမာဓိ၊ စာရေးအတက်ပညာ၊ ဂုဏ်ယူစရာ၊ ချစ်မြတ်နိုးစရာ၊ မှတ်သားဖွယ်ရာများကို သတင်းဆရာကြီး ကြေးမုံဦးသောင်း (၁၉၂၆-၂၀၀၈)၊ သတင်းစာ စာရေးဆရာမ ဒေါ်ခင်ဆွေလှ နဲ့ မြန်မာ့သုတေသီ ဦးအောင်စောဦး တို့၏ ပြောဆိုချက်များကို ဒေါ်လှလှသန်း (ဗွီအိုအေ) က စုစည်းတင်ပြထားပါတယ်။

"ဒေါ်ခင်မျိုးချစ် က ၁၃၀၀ အရေးတော်ပုံတုန်းက စတင်ပြီး ဗမာစာပေလောက မြန်မာ့နိုင်ငံရေးလောကကို ဝင်လာခဲ့တဲ့ အမျိုးသမီးခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။ ၁၃၀၀ အရေးတော်ပုံမှာ မြန်မာအမျိုးသမီးတွေ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ၁၉၂၉ ခုနှစ် ရွှေတိဂုံဘုရား ကုန်တော်ပေါ်မှာ အမျိုးသမီးထု အစည်းအဝေးတခု ကျင်းပပါတယ်။ အစည်းအဝေးမှာ အခမ်းအနားမှုးလုပ်သူကတော့ မခင်မြ ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့မှာ မခင်မြ ဒုတိယ ဥက္ကဌ အဖြစ် ဆောင်ရွက်ပါတယ်။ အသင်းစထောင်ချိန်ကစပြီး ခင်မျိုးချစ် ဆိုတဲ့ ကလောင်အမည်နဲ့ ဆောင်းပါးများ စတင်ရေးပြီး မြန်မာစာပေ လောကထဲ ဝင်ရောက်ခဲ့ပါတယ်" သတင်းစာဆရာကြီး ကြေးမုံဦးသောင်း မကွယ်လွန်ခင်က ပြောဆိုကောက်နုတ်ချက်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG