သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမော ဒီမိုကရေစီ ခိုင်မာရေး ဒေါ်လာ ၃၁၄ သန်း ကုလ ကူညီ


ဖူးပွင့်စ ဒီမိုကရေစီကို နောက်ထပ် ငါးနှစ် အကူအညီပေးဖို့ အရှေ့တီမောနဲ့ ကုလသမဂ္ဂတို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ဒေါ်လာ သန်းပေါင်း ၃၁၄ သန်းရှိတဲ့ အကူအီပေးရေး စီမံကိန်း သဘောတူညီချက်ကို အရှေ့တီမော မြို့တော် Dili မှာ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အစီအစဉ်တွေထဲမှာ ဆင်းရဲမှု လျှော့ချရေး၊ ဒီမိုကရေစီ ခိုင်မာအောင် ဆောင်ရွက်ရေးနဲ့ အခြေခံ လူမှု ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အရှေ့တီမောကို အကူအညီပေးမှာ ဖြစ်ပါတယ်။

အရှေ့တီမော ဟာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု ရရှိရာမှာ တိုးတက်မှု ရှိနေပါတယ်လို့ အရှေ့တီမောဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေးမှူး Finn Reske Nielsenက ပြောပါတယ်။ ကုလသမဂ္ဂ အကူအညီပေးရေး လမ်းပြမြေပုံဟာ အရှေ့တီမောနိုင်ငံရဲ့ အင်စတီကျူးရှင်းခေါ် အဖွဲ့အစည်းတွေနဲ့ အဆောက်အအုံတွေကို ခိုင်မာအောင် ဆောင်ရွက်ရာမှာ ထောက်ကူပါလိမ့်မယ်လို့ သူ က ဆိုပါတယ်။

သူက အရှေ့တီမော်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းရဲ့ ဒုတိယ အကြီးအကဲလည်း ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အရှေ့တီမော်ဟာ တည်ငြိမ်မှု ရှိလာအောင် အားထုတ်ဆောင်ရွက်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG