သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်ဆယ့်ရှစ်အရေးတော်ပုံ နဲ့ အမျိုးသမီးများ အခန်းကဏ္ဍ


သမိုင်းဝင် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီးရဲ့ သက်တမ်းမှာ အနှစ် ၂၀ ကြာမြင့်ခဲ့ပါပြီ။ လူထုရဲ့ ဘဝ၊ လူထုရဲ့ ဆန္ဒကို ကာရန်အမျိုးမျိုး အတားအဆီး အသွယ်သွယ်ကြာက ထိုးဖောက်လို့ ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တိုက်ပွဲဝင် လာခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်ကြီးပါ။ ဒီသမိုင်းဝင် ဖြစ်ရပ်တွေထဲက အမျိုးသမီးများ (ကျောင်းသူ၊ အိမ်ထောင်ရှင်မ၊ သီလရှင်) ရဲ့ ထင်ရှားတဲ့ အခန်းကဏ္ဍ၊ ပုံရိပ်များ၊ အတွေ့အကြုံများကို ရှစ်ဆယ့်ရှစ် မျိုးဆက်သစ် ယခုလက်ရှိ ပြည်ပရောက် အမျိုးသမီးရေးရာတာဝန်ခံ မသင်းသင်းအောင်၊ ရေနံချောင်းမြို့နယ် အမျိုးသမီးဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဌ၊ မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်စောဌေး၊ ရှစ်ဆယ့်ရှစ် အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့သူ ကျောင်းသူ မမာမာဦး (နိုင်ငံရေးအကျဉ်းသူဟောင်း) တို့ရဲ့ ပြောဆိုချက်များကို မသင်းသီရိ (ဗွီအိုအေ မြန်မာ) က စုစည်းကောက်နုတ် တင်ပြထားပါတယ်။

့မြန်မာနိုင်ငံရေး သမိုင်းတလျှောက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထင်းအရှား ရှိခဲ့ကြပါတယ်။ ကိုလိုနီခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ လွတ်လပ်ရေးရပြီးကာလခေတ်၊ တော်လှန်ရေး ကောင်စီခေတ် အစရှိတဲ့ ခေတ်အသွယ်သွယ်၊ စနစ်အမျိုးမျိုး ဖြတ်သန်းခဲ့ရတဲ့ သမိုင်းတွေအတွင်း အမျိုးသမီးတွေဟာ ရရာနေရာ ကျရာတာဝန်တွေက ပါဝင်ခဲ့တဲ့ သမိုင်းက အထင်အရှားရှိပါတယ်။ ဒီသမိုင်းကြောင်းတွေ နဲ့ အတူ ရှစ်ဆယ့်ရှစ် နောက်ပိုင်း နိုင်ငံရေး အချိုးအကွေ့ အပြောင်းအလဲတွေထဲ မြန်မာအမျိုးသမီးများစွာရဲ့ ရဲဝံ့မှု၊ သတ္တိရှိမှု၊ မဟုတ်မခံ၊ ကြံကြံခံနိုင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုလို့ မော်ကွန်းတင်ထားလျှက်ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG