သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းလွန်ကာလ နဲ့ ကယ်ဆယ်ရေး (အပိုင်း - တစ်)


ဧရာဝတီမြစ်ဝကျွှန်းပေါ်ဒေသရဲ့ လမ်းတွေပေါ်မှာ စစ်တပ်လုံခြုံရေးတွေ တင်းကြပ်စွာ ချထားပါတယ်။

တချို့နေရာတွေမှာတော့ ဝေးလံခေါ်ဖျားမှာရှိတဲ့ ကျေးရွာက ရွာသူရွာသားတွေ ဟာ အနီးနား ဒေသတွေက လာရောက်လှုပ်ဒါန်းနဲ့သူတွေကို လမ်းဘေးတွေမှာ စောင့်ဆိုင်းနေကြပါတယ်။

ဒီစေတနာ့ ဝန်ထမ်းတွေဟာ ပုဂံ မြို့နယ်ကနေ အကူအညီပစ္စည်းတွေ ကောက်ခံပြီး လေဘေးဒဏ်ခံရတဲ့ ဒေသတွေဆီ သယ်ဆောင်လာကြတာ ဖြစ်ပါတယ်၊ ကားလမ်းပေါ်မှာ (၁၀)နာရီကျော်ကြာ လာခဲ့ကြရပေမဲ့ သူတို့ရဲ့ ခရီးစဉ်က မပြီးသေးပါဘူး။ ကျေးရွာလေးတွေဆီကိုရောက်ဘို့ လှေတွေနဲ့ သွားကြရအုံးမှာပါ။

လေဘေးဒဏ် ပြင်းပြင်းထန်ထန်ခံရတဲ့ ကျေးရွာတွေဟာ ကားလမ်းတွေ နဲ့ ဝေးကွာပြီး လှေနဲ့သွားမှရပါတယ်။ မြစ်ရိုးတလျှောက်မှတော့ ဒေသခံတွေဟာ အိမ်တွေ ပြန်လည်ဆောက်လုပ်နိုင်ဘို့ ရေပေါ်မျောနေတဲ့ အပိုင်းအစ အပျက ် အစီး တွေကို လိုက်လံဆယ်ယူ နေကြရပါတယ်။

ဒီကျောင်းဆရာမလိုပဲ လူတော်တော်များများဟာ စစ်တပ်ကို ကြောက်ရွံ့ကြလို့ မုန်တိုင်းအကြောင်း ပြောပြတဲ့အခါ သူတို့ မျက်နှာတွေကို မပြရဲကြပါဘူး။

ပျက်စီးမှုတွေဟာ ခုချိန်ထိ ရှိနေဆဲပါ။ ဒီကျေးရွာမှာ ကွန်ကရစ်တိုက်တွေဟာ လေမုန်တိုင်းဒဏ် နဲ့ ရေကြီးတဲ့အတွက် ပျက်ဆီးခဲ့ပါတယ်။

ဒီမိသားစုဟာ ဆိုက်ကလုန် လေမုန်တိုင်းဒဏ်ကြောင်း ခလေးငယ်နှစ်ဦး ပျောက်ဆုံးသွားပါတယ်၊ အဲ့ဒီရက်တွေပိုင်းက သူတို့ မိသားစု အုန်းသီး နဲ့ ငှက်ပျောအူတွေ စားပြီး အသက်ဆက်ခဲ့ကြတာပါ။ သူတို့အိမ်ကို သစ်အပိုင်းအစ တွေနဲ့ ပြန်ဆောက်ပြီး လှုဒါန်းထားတဲ့ ဆန်တချို့ကို သိမ်းဆည်းထားပါတယ်။

ရွာသူရွာသားတွေမှာ အစားအသောက်တော့ ရှိပါတယ်၊ ဒါပေမဲ့ လယ်ယာသုံးပစ္စည်းတွေ မျိုးစေ့တွေတော့ ဘာမှမရှိတော့ပါဘူးလို့ ရွာသူကြီးက ပြောပါတယ်။

ရွာသားတွေဟာ အစိုးရဆီက ဘာအကူညီမှ မရဘူးလို့လည်း သူကပြောပါတယ်။

ကျေးရွာမှာ အနည်းငယ်ဘဲ ကျန်ခဲ့တဲ့ ဆရာမတွေထဲက တယောက်ကတော့ သံဃာတော်တွေဆီက အကူအညီတွေရပါတယ်။ ယာယီစာသင်ကျောင်းလေး ဆောက်ပေးပါတယ်။ အစိုးရဆီက အကူအညီ မရရှိတာကိုတော့ သူမအနေနဲ့ မကျေမနပ်ပြောဆိုတာ မရှိပါဘူး။

ရွာသူရွာသားတွေဟာ သူတို့ ဘဝတွေပြန်လည်ကောင်းမွန်လာဘို့ စိတ်အား ထက်သန်နေကြပါတယ်။ ကောက်ပဲသီးနှံ အသစ် စိုက်ပျိုးနေကြ အလုပ်အကိုင် အသစ်ရှာဖွေနေကြပေမဲ့ အထောက် အပံ့ အကူအညီတွေကတော့ အများကြီး လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ စောစောက ကျောင်းဆရာမလို အစိုးရ နဲ့ နိုင်ငံ တကာက အကူအညီတွေ လိုအပ်နေတဲ့အပေါ်မှာလည်း ဒေါသဖြစ်တဲ့ အမှုအယာတွေ မတွေ့ရပါဘူး။ ဒေါသဖြစ်နေလို့ ဘာမှမထူးပါဘူးလို့ သူတို့က ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG