သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာအတွင်းပိုင်းမှာ ရုရှားတပ်များ စတင် ဆုတ်ခွာ


အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးတဲ့နောက် ဂျော်ဂျီယာနိုင်ငံအတွင်းပိုင်းအထိ ထိုးထွင်း ဝင်ရောက်နေတဲ့ နေရာကနေ ရုရှားတပ်ဖွဲ့များ စတင်ထွက်ခွာနေပါပြီ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ့်ရော့ဗ်ကတော့ - ချက်ခြင်း နောက်ထပ် တပ်ဖွဲ့တွေ မရုတ်သိမ်းသေးဘူး၊ ဂျော်ဂျီယာနိုင်ငံထဲ ရုရှားတပ်တွေ လိုအပ်သလောက် ဆက်နေဦးမယ်၊ ပဋိပက္ခဖြစ်တဲ့ ဒေသများမှာ လုံခြုံရေးနောက်ထပ်လုပ်သွားစရာ အစီအစဉ်တွေရှိနေသေးတယ်လို့ ပြောဆိုသွားပါတယ်။

ဂျော်ဂျီယာနိုင်ငံမြို့တော် တက်ဗလက်စီကနေ ကီလိုမီတာ ၅၀ သာ ဝေးကွာတဲ့ အီဂီယိုသီမြို့ကနေ ရုရှားတပ်ဖွဲ့များ စနေနေ့မှာ ရုတ်သိမ်းသွားတာပါ။ ဒါပေမယ့် ခွဲထွက်သွားတဲ့ တောင်ပိုင်း အိုစီတီးယားဒေသနဲ့ အက်ဗ်ခါဇီးယားဒေသတို့ရဲ့ အပြင်ဖက်ဒေသများနဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ အဓိကကျတဲ့ ဂိုရီမြို့ကြီးကိုတော့ ရုရှားတပ်များ သိမ်းပိုက်ထားဆဲ ရှိပါတယ်။

ဂျော်ဂျီယာ ရွာ ၁၃ရွာနဲ့ ဓါတ်အားပေးစက်ရုံ တရုံကို ရုရှားစစ်တပ်နဲ့ အက်ဗ်ခါးဇီးယားခွဲထွက်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဂျော်ဂျီယာနိုင်ငံခြားရေးဌာနက စနေနေ့မှာ ကြေညာပါတယ်။ အက်ဗ်ခါးဇီးယားဒေသရဲ့ နယ်စပ်က လှုပ်ရှားမှုတွေဟာ အစ်ဂူရီမြစ်အထိ ရွေ့သွားတယ်လို့ ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG