သုံးရလွယ်ကူစေသည့် Link များ

စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဖယ်ရှားရှင်းလင်း ဖျက်သိမ်းကြမလဲ?


မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကြာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ ယနေ့တိုင်း မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများ တိုက်ပွဲဝင် လုပ်ဆောင်နေကြပေမဲ့ စစ်အစိုးရ ဆက်လျှက် အာဏာချုပ်ကိုင် ပြည်သူများအား ဖိနှိပ်အုပ်ချုပ်နေဆဲ ဖြစ်တယ်။ ၁၉၈၈ အနှစ် ၂၀ နှစ်ပတ်လည်းမှာ နိုင်ငံရေး အဖွဲ့အစည်းများရဲ့  ထုတ်ပြန်ကြေငြာချက်တွေမှာ နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပြီး ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ဟာ စစ်အစိုးရကို အပြီးတိုင် လုံးဝဖြုတ်ချမှဖြစ်မယ်လို့ ယူဆကြတဲ့ အတိုက်အခံ ဒီမိုကရေစီ ဒီမိုကရေစီအင်အားစုတွေ ရှိကြပါတယ်။

ထုတ်ပြန်ချက်တွေအတိုင်း စစ်အစိုးရအား အကြမ်းဖက်နည်း လက်နက်စွဲကိုင် တိုက်ဖျက်သွားမလား၊ အကြမ်းမဖက် ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်နည်းတွေ နဲ့ လုပ်ကိုင်ဖြေရှင်းသွားမလား စတဲ့ နိုင်ငံရေးအတွေးအမြင် အယူအဆများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း၊ ပြည်ပရောက် အမျိုးသမီးရေးရာ တာဝန်ခံ တဦးဖြစ်သူ ဒေါ်မော်လီ တို့နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ်ဆွေးနွေး လာသူများရဲ့  ပြောဆိုမေးမြန်းချက်များကို ဗွီအိုအေ မြန်မာသတင်း အယ်ဒီတာ ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး စီစဉ်တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG