သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိန်းသိမ်းခံ အရှင်ဂမ္ဘီရကို ပုဒ်မ ၁၀ ခုဖြင့် တရားစွဲဆို


စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ သံဃာတပါးဖြစ်တဲ့ အရှင်
ဂမ္ဘီရကို မနှစ်က နိုဝင်လာကတည်းက အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်
မှာ ချုပ်နှောင်ထားပါတယ်။ မနေ့က အရှင်ဂမ္ဘီရ အပါအဝင် အထိန်းသိမ်းခံ ၁၁ ဦးကို
ရုံးထုတ်စစ်ဆေးခဲ့ပြီး အရှင်ဂမ္ဘီရကို ပုဒ်မ ၁၃(ခ)၊ ပုဒ်မ ၅(ည) နဲ့အတူ ၂၀(က) အပါ
အဝင် ပုဒ်မပေါင်း ၁၀ ခုနဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အရှင်ဂမ္ဘီရရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းပြီး မအေးအေးမာက တင်ပြ
ပေးထားပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးအပြီး ထိန်းသိမ်းခံခဲ့ရတဲ့ သံဃာ့
တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရကို သြဂုတ်လ ၁၈ ရက်နေ့က ရုံးထုတ်စစ်ဆေး
ချိန်မှာ ပုဒ်မ ၁၀ ခုနဲ့ တရားစွဲခဲ့ကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့တဲ့ အစ်မ
ဖြစ်သူက ပြောပါတယ်။

"၁၃(၁)၊ ၁၇(၁)၊ ၅(ည)၊ ၂၀(က)၊ ၁၄၇၊ အီလက်ထရောနစ်၊ စာနယ်ဇင်းအက်ဥပဒေ၊
၂၉၅၊ ၅၀၅(ခ)၊ တခုက မသိဘူး။ ဦးဇင်းကို ပြန်မေးရဦးမယ်။ သူ့ကို ၁၀ မှုနဲ့စွဲတယ်တဲ့။
ဦးဇင်းအပါအဝင် ၁၁ ယောက် ရုံးထုတ်တယ်တဲ့။ အစ်ကိုကြီး ကိုအောင်ကျော်ကျော်ပါ
တယ်၊ ဦးကေလာသ (မန္တလေး) ပါတယ်၊ စာရေးဆရာ မင်းဆက် ခေါ် ဦးသုမန
(မန္တလေး) ပါတယ်၊ မဂ္ဂင်ဆရာတော်ကြီးပါတယ်၊ ဦးဇင်းကျောင်းကျောင်းပါတယ်၊
ကိုသန်းနိုင် (တောင်တွင်းကြီး) ပါတယ်၊ ကိုကျော်ကျော်နိုင် (မြစ်ခြေ) ပါတယ်၊
ကိုဝဏ္ဏအောင် (မန္တလေး) ပါတယ်၊ ဦးရွှေမောင် (မန္တလေး)၊ ကျန်တဲ့သူတွေကတော့
၅ ခုစီလောက်နဲ့ပဲစွဲတယ်။ ဦးဇင်းကိုတော့ ၁၀ ခုနဲ့စွဲတယ်။ သူကတော့ မျှော်လင့်ပြီး
သားပါ၊ အဲဒါပဲပြောပါတယ်။ သိပ်ပြီး ထူးထူးခြားခြားတော့ မပြောဘူး။"

အရှင်ဂမ္ဘီရကို အခုလို ပုဒ်မအများကြီးနဲ့ တရားစွဲဆိုမှုအပေါ် မိသားစုအနေနဲ့ အရှင်ဂမ္ဘီရ
ဟာ ပြစ်မှုကျူးလွန်ထားတယ်လို့ မယူဆကြောင်း အခုလိုပြောပါတယ်။

"ပြစ်မှုကျူးလွန်တယ်လို့တော့ မယူဆပါဘူး။ ဆင်းရဲမွဲတေနေတဲ့ ပြည်သူပြည်သားတွေ
အတွက် ရှေ့ကနေ ရပ်ပေးခဲ့တာလို့ပဲ ယူဆပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို
လုပ်တယ်လို့ပဲ ယူဆပါတယ်။"

မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ
အင်းစိန်ထောင်ကို သွားရောက်တဲ့အချိန်မှာ ဦးဂမ္ဘီရနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဦးဂမ္ဘီရနဲ့
တွေ့ဆုံချိန်မှာ မိနစ် ၂၀ ခန့်သာ တွေ့လိုက်ရတဲ့အတွက် ဘာမှ သိပ်ပြီးပြောပြချိန်
တောင် မရခဲ့ဘူးလို့ ဆိုပါတယ်။ ဦးဂမ္ဘီရဟာ ထောင်ထဲမှာ သင်္ကန်းဝတ်ခွင့် တောင်းဆို
ခဲ့ပေမယ့် မရခဲ့တဲ့အကြောင်းကိုလည်း မိသားစုက ပြောသွားပါတယ်။

အကျဉ်းထောင်ထဲမှာ လက်ရှိအချိန်မှာတော့ ကျန်းမာရေးကောင်းကြောင်းနဲ့ မိသားစု
နဲ့လည်း တပတ်တကြိမ် တွေ့ခွင့်ရတယ်လို့ မိသားစုက ပြောသွားပါတယ်။

ဦးဂမ္ဘီရကို အခုလို ပုဒ်မအများကြီးနဲ့ အရေးယူထားခြင်းအပေါ် ထိုင်း-မြန်မာနယ်စပ်
အခြေစိုက် သာသနာ့ဥသျှောင်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးပညာသာမိက အခုလိုပြောကြား
ပါတယ်။

"သူလုပ်လိုက်တဲ့လုပ်ရပ်တွေမှာ သာသနာညှိုးနွမ်းမှု၊ သာသနာရဲ့ ဂုဏ်သိက္ခာ ထိပါးမှု
ဆိုတဲ့ အချက်အလက်တွေကလည်း လုံးဝမပါဘဲနဲ့ စက်တင်ဘာ တနှစ်ပြည့်တဲ့ အချိန်
အခါ ကာလမှာ အခုလို အစိုးရက စွဲချက်တင်တယ်ဆိုတာ လုံးဝ တရားနည်းလမ်းမကျ
ဘဲ အတင်းအဓမ္မ ပြစ်ဒဏ်ချခြင်းဖြစ်တယ်။

"နောက်တခုက သံဃာ့မဟာနာယက ဆရာတော်ကြီးတွေ အပါအဝင် ဆရာတော်ကြီး
တွေ အကုန်လုံးက ဆရာတော် ဦးဂမ္ဘီရ အပါအဝင် သံဃာတွေကို အတင်းအကျပ်
ဖမ်းဆီးခွင့်တွေ၊ အမိန့်တွေ အမျိုးမျိုးထုတ်တယ်။ ပြီးတော့ ဒီမှာ သာသနာဆိုတာ ဓမ္မ
စက်ကိုမသုံးဘဲ အာဏာစက်ကိုသုံးတယ်။ ဆရာတော်ဦးဂမ္ဘီရရဲ့ အမှု ၁၀ မှုထဲမှာလည်း
ပဲ သံဃာ့နာယကနဲ့ သာသနာရေးဝန်ကြီးဌာနက စွဲချက်တင်ထားတဲ့အမှုတွေ ပါတယ်။"

အခုဆိုရင် မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်မှုတွေထဲမှာ သံဃာ့မဟာနာယကအဖွဲ့ကြီးပါ ပါဝင်
ပတ်သက်နေတဲ့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဗုဒ္ဓဘာသာအဖွဲ့တွေကို အကြောင်း
ကြားပြီး ပိတ်ဆို့မှုတွေနဲ့ တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမယ့်အကြောင်းကိုလည်း
ပြောပါတယ်။

"ပြည်ပနိုင်ငံအသီးသီးက လက်ခံခြင်းမပြုအောင် သူတို့နဲ့ပတ်သက်နေတဲ့ အလုပ်
မှန်သမျှကို အဖွဲ့အစည်းအကုန်လုံးက ငြင်းဆန်ပြီး မဟာသံဃာ့နာယကအဖွဲ့မှာ ပါဝင်
နေတဲ့ သြဝါဒစရိယ အပါအဝင် ဒီဆရာတော်ကြီးများ အားလုံးနဲ့ သက်ဆိုင်တဲ့ သံဃာ
တော်များကိုပါ ပြည်ပကို ထွက်ခွင့်မပြုဘဲ သာသနာတော်ကြီး တိုးတက်အောင်
လုပ်တာ မဟုတ်ဘဲ သာသနာတော် ပျက်စီးအောင် လုပ်နေတယ်ဆိုတာ၊ နောက်တခု
က နအဖစစ်အာဏာရှင်များနဲ့ နအဖသံဃာများ ပူးပေါင်းပြီး သာသနာတော်နဲ့ လူထု
တွေအကျိုးစီးပွား ပျက်စီးအောင် ဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်းတွေကို ရဲရဲဝံ့ဝံ့
ဖော်ထုတ်ပြီး တင်ပြနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဦးဇင်းက
ပြောကြားလိုပါတယ်။"

အရှင်ဂမ္ဘီရကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း၊ စဉ့်ကိုင်
မြို့နယ်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အရှင်ဂမ္ဘီရဟာ လွတ်လပ်စွာပြောဆိုခွင့်
ဆုကို ပြီးခဲ့တဲ့ဧပြီလက ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG