သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတ နုတ်ထွက်မှုအပေါ် နိုင်ငံတကာတုံ့ပြန်


ရာထူးကနေ ဖြုတ်ချခြင်းခံရမှာကို ရှောင်ရှားတဲ့
အနေနဲ့ ပါကစ္စတန်သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်
(Pervez Musharraf) က ၉ နှစ်ကြာ အတိုက်
အခိုက်တွေကြားက အုပ်ချုပ် အာဏာယူခဲ့မှု
ကနေ နုတ်ထွက်ပေးလိုက်ပါတယ်။

ဒါပေမယ့် သမ္မတမူရှာရက်ဖ်က သူ့ဘက်က
အမှားတွေမရှိဘူးလို့ဆိုပြီး သူ့ကို စွပ်စွဲတဲ့အချက်
တွေကလည်း အခြေအမြစ်မရှိဘူး စသဖြင့်
မနေ့က ပါကစ္စတန်လူထုကို ရုပ်မြင်သံကြားက
တဆင့် တနာရီကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မစ္စတာမူရှာရက်ဖ်အနေနဲ့ ပါကစ္စတန်နိုင်ငံမှာပဲ ဆက်နေမလား၊ ဒါမှမဟုတ် ပြည်ပမှာ
ခိုလှုံခွင့်ယူမလား ဆိုတာကတော့ မသဲကွဲသေးပါဘူး။ အခုလောလောဆယ် ပါကစ္စတန်
အထက်လွှတ်တော် သဘာပတိဖြစ်သူ မိုဟာမက် မီရန် ဆူမရို (Muhammad Mian
Soomro) က ယာယီသမ္မတအဖြစ် ဆောင်ရွက်နေပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သမ္မတဘုရှ်အနေနဲ့ ပါကစ္စတန်
နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေမှာ ဆက်လက်ပြီး ပါဝင်ပံ့ပိုး
သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ပါကစ္စတန်နိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့
လုံခြုံရေးတွေမှာ ဆက်လက်ပူးတွဲသွားမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) ကတော့ အယ်လ်ကိုင်းဒါး
နဲ့ တာလီဘန် စစ်သွေးကြွတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ မစ္စတာမူရှာရက်ဖ်
ကို ချီးမွမ်းခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ သမိုင်းဝင် ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကတော့ သမ္မတ
မူရှာရက်ဖ် နုတ်ထွက်သွားတာဟာ သူတို့ရဲ့ ပြည်တွင်းရေးဖြစ်တယ်လို့ ဆိုပါတယ်။ တချို့
အိန္ဒိယအရာရှိတွေကတော့ သမ္မတမူရှာရက်ဖ် နုတ်ထွက်သွားတာကြောင့် အာဏာ
လစ်ဟင်းမှုဖြစ်နိုင်ပြီး သူတို့အနေနဲ့ စိုးရိမ်တယ်လို့ပြောပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီလို သမ္မတ
မူရှာရက်ဖ် နုတ်ထွက်သွားတာကြောင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု
ကို ခွန်အားဖြစ်စေမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG