သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒီမိုကရက် ညီလာခံကြီး စတင်


ဒီနေ့စပြီးကျင်းပတဲ့ အမေရိကန်ပြည်ထောင်စု
ကိုလိုရာဒိုပြည်နယ် ဒန်ဗာမြို့က ဒီမိုကရက်တစ်
ပါတီ ညီလာခံမှာ ပါတီဝင်တွေ ထောင်နဲ့သောင်း
နဲ့ချီ တက်ရောက်လာပြီး သမ္မတလောင်း အမည်
စာရင်း တင်သွင်းခံရတဲ့ ဘားရက်ခ် အိုဘားမား
(Barack Obama) ကို ပါတီဝင်တွေ ဝိုင်းဝန်း
ထောက်ခံကြဖို့ ပါတီခေါင်းဆောင်တွေက
ကြိုးပမ်းနေကြပါတယ်။

မနေ့က နယူးယောက်ခ်ပြည်နယ် ပါတီညီလာခံ
ကိုယ်စားလှယ်တွေကို နယူးယောက်ခ်ပြည်နယ်
အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်
(Hillary Clinton) က ပါတီစည်းလုံးညီညွတ်ကြဖို့
ပြောဆိုတိုက်တွန်းခဲ့ပါတယ်။ ပါတီညီညွတ်ရေးကို
ရှေးရှုပြီး သူမကို ပြီးခဲ့တဲ့ ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲ ပြိုင်ပွဲမှာ ထောက်ခံ
ခဲ့ကြသူတွေကို ညီလာခံကိုယ်စားလှယ်တွေအဖြစ် စေလွှတ်ပါမယ်လို့ ဟီလာရီ
ကလင်တန်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အိုဘားမားအပေါ် မကျေမချမ်းဖြစ်နေကြတဲ့ နယူးယောက်ခ်ပြည်နယ်
ညီလာခံကိုယ်စားလှယ်တွေ သွား မသွားကတော့ မသေချာပါဘူး။ မကြာသေးခင်က
စစ်တမ်းတွေအရ ဟီလာရီကို ထောက်ခံမဲပေးခဲ့ကြတဲ့ ပါတီတွင်း သမ္မတလောင်း ပြိုင်ပွဲ
တွင်းက မဲဆန္ဒရှင် သုံးပုံတပုံက ရီပတ်ဗလီကန်ပါတီက ဂျွန်မက်ကိန်း (John McCain)
ကိုပဲ မဲထည့်ကြမယ်လို့ ဖော်ပြနေပါတယ်။

အိုဘားမားနဲ့ တိုင်းပြည်လူထုကို မိတ်ဆက်ပေးမယ့် အဓိကမိန့်ခွန်းကို ဒီညီလာခံမှာ
အိုဘားမားရဲ့ဇနီး မစ်ရှဲလ် အိုဘားမား (Michelle Obama) က ပြောကြားမှာဖြစ်ပါတယ်။

ဦးနှောက်ကင်ဆာဝေဒနာ ခံစားနေရတဲ့ ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ်
အက်ဒွပ် ကနေဒီ (Edward Kennedy) ကို ချီးကျူးတဲ့မိန့်ခွန်းလည်း ပြောကြားမှာဖြစ်ပါ
တယ်။ အက်ဒွပ် ကနေဒီနဲ့ သူ့ရဲ့မိသားစုဟာ ညီလာခံကို တက်ရောက်လာကြပေမယ့်
သူကိုယ်တိုင် မိန့်ခွန်းပေးဖို့ကတော့ မသေချာသေးပါဘူး။

လာမယ့် ကြာသပတေးနေ့ ပါတီညီလာခံ နောက်ဆုံးနေ့မှာတော့ သူ့ကို သမ္မတလောင်း
အဖြစ် ပါတီက တရားဝင် အမည်စာရင်းတင်သွင်းတာကို အိုဘားမားက လက်ခံမိန့်ခွန်း
စကား ပြောကြားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG