သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာစီယံအတွင်းရေမှူးချုပ် ဒေါ်စုနဲ့ တွေ့ရန်တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၆ရက်နေ့ ကတည်းက နေ့စဉ် ပို့နေကြ အစားအစာများ လက်မခံတော့ဘူးဆိုတဲ့ သတင်းများကြောင့် အကြီးအကျယ် စိုးရိမ်နေကြရတယ်လို့ AIPMC ခေါ် အာစီယံ အသင်းဝင် နိုင်ငံများမှ မြန်မာ့အရေး ဆောင်ရွက်တဲ့ ပါလီမန် အမတ်များ အဖွဲ့က ကြေညာပါတယ်။ မြန်မာစစ်အစိုးရနဲ့ သဘောထားခြင်း ကွဲလွဲတဲ့ အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ချခံနေရတဲ့ ရန်ကုန်မြို့ နေအိမ်သို့ သွားပို့နေကြ အစားအစာများ လက်မခံခဲ့ဘူးဆိုတာကြောင့် အစာငတ်ခံ ဆန္ဒပြနေသလားဆိုတဲ့ ကောလဟာလသတင်း ပေါ်ထွက်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအတိုက်အခံအဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၅ရက်နေ့မှာ နောက်ဆုံး အစားအစာများ လက်ခံခဲ့ပြီး ၂၂ရက်နေ့မှာတော့ လက်မခံတော့ဘူးလို့ ဆိုပါတယ်။

အန်အယ်လ်ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ခွင့် မရှိလို့ ဘာကို ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုလိုက်ပြီးနောက် အဲဒီသတင်းများ ပေါ်ထွက်လာခဲ့တာပါ။ AIPMCက အာစီယံ အတွင်းရေးမှူးချုပ် ဆူရင်ပတ်စူဝန် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်သွားရောက် တွေ့ဆုံပြီး ကျန်းမာရေး အခြေအနေများ ဘာကြောင့် အစားအစာများ လက်မခံဘူးဆိုတာ စုံစမ်းသင့်တယ်လို့ တိုက်တွန်းကြေညာပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း အလားတူ လုပ်ဆောင်ဖို့လည်း AIPMCက ဆက်လက်တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG