သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းလွန်ကာလ နဲ့ ကယ်ဆယ်ရေး (အပိုင်း - သုံး)


ဆိုင်ကလုံးနာဂစ်ကြောင့် အပျက်အစီးတွေဟာ ချက်ခြင်းပဲ ပေါ်ထွက်လာပါတယ်၊ လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးပျောက်ကွယ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာ အိမ်ယာမဲ့ခဲ့ရပါတယ်။ ထောင်ပေါင်းများစွာသော အိုးအိမ်တွေ၊ ကျောင်းတွေ၊ စီးပွါးရေးအဆောက်အဦတွေနဲ့ လယ်ယာတွေ ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ အသက်မသေပဲ ကျန်ရစ်သူတွေကို ကူညီရာမှာ အကြီးမားဆုံး စိန်ခေါ်မှုကတော့ ရေကြီးတာတို့၊ နေရာရွှေ.ပေးတာတို့ မဟုတ်ပဲ စစ်အစိုးရ ဖြစ် နေပါတယ်၊ နိုင်ငံတကာအကူအညီတွေကို ရက်သတ္တပတ်ပေါင်းများစွာ ငြင်းဆန်နေခဲ့တာပါ။

အမေရိကန် စစ်သင်္ဘော အက်စက်စ်ဟာ ပို့ဆောင်ရေး ရဟတ်ယဉ်တွေ၊ တန်ပေါင်း များစွာ သော သောက်ရေနဲ့ အစားအစာတွေကို သယ်ဆောင်ရင်း မြန်မာ့ကမ်းနားမှာ သတင်း ၃ ပတ် လောက် စောင့်ဆိုင်းနေခဲ့ရပါတယ်။ မုန်တိုင်းသင့် ဧရာဝတီဒေသကို ကုန်ပစ္စည်းတွေ စတင် ပေးပို့နိုင်အောင် အတည်ပြုချက် စောင့်နေပေမဲ့ ဘယ်တော့မှ အမိန့်မရခဲ့ပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလီ (Paul Risley) ကတော့ -

"ဒါဟာတကယ့်ကို ကံဆိုးတာပါပဲ၊ ဒီ ရဟတ်ယဉ်တွေက မြစ်ဝကျွန်းပေါ်ဒေသအတွက် အရေး ပေါ် အကူအညီတွေ ချက်ခြင်းသယ်ဆောင်လာနိုင်ပါတယ်ဗျာ။"

မြန်မာအစိုးရကတော့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေ ပြည်ဝင်ခွင့် လျှောက်ထားနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေ မြန်မာပြည်ကို ဝင်နိုင်အောင် ကုလသမဂ္ဂ နဲ့ အာဆီယံရဲ့ စစ်အစိုးရအပေါ် ဖိအားပေးမှုတွေကြောင့်ပါ။

သီထိနန် ဖေါင်ဆူဒီရာ့ခ် (Dr. Thitinan Pongsudhirak) ဟာ ထိုင်းနိုင်ငံ။ ချူလာလောင်ကွန် တက္ကသိုလ်က နိုင်ငံတကာလေ့ လာရေးနဲ့ လုံခြုံရေးဌာနကို ဦးဆောင်ပါတယ်။

"ကုလသမဂ္ဂအနေနဲ့ သိပ်များများစားစား မလုပ်နိုင်တဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်၊ သူတို့ တော်တော့်ကို ကြိုးစားကြည့်ပါတယ်၊ ဒါပေမဲ့ ရလဒ်ကတော့ အတိုင်းအတာတခုပဲရှိပါတယ်။"

လေဘေးသင့်ပြီး နှစ်လ ကြာခဲ့ပေမဲ့ မုန်တိုင်းအခံရဆုံး ဧရာဝတီတိုင်း က လူထုဟာ ကားလမ်းဘေးတွေမှာ အကူအညီကို စောင့်နေရတုံးပါ။ သူတို့ဟာ ရထားခဲ့တဲ့ အကူအညီ နည်းနည်းပါးပါး ကို သိုလှောင်ထားရပါတယ်။ ပျက်စီးသွားတဲ့ ကောက်ပဲသီးနှံတွေ နဲ့ ဝင်ငွေဆုံးရှုံးရမှုတွေကနေ နာလံထူနိုင်ဘို့ လပေါင်း တော်တော်ကြာလိမ့်မယ်လို့ သူတို့ သိနေကြပါတယ်။

အခြေအနေတွေက ဘာပဲဖြစ်နေနေ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားပြီလို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ကတော့ မြေငလျင်ဒါဏ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် ချီးကျူးတဲ့အကြောင်း လတ်တလော တရုတ်ပြည်ခရီးစဉ်မှာ ပြောဆိုပါခဲ့တယ်။ မြန်မာပြည်အတွက် ချဉ်းကပ်နိုင်မဲ့ နည်းလမ်းတွေ ရှိမှာပါလို့လည်း သူမက ဆိုပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာ စစ်အစိုးရနဲ့ သံတမန်ရေး၊ စီးပွါးရေး လုပ်ငန်းတွေမှာပါ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတာကြောင့် ထောက်ပံ့မှု တခုခုတော့ လုပ်ကိုင်နိုင်စွမ်း ရှိနေပါတယ်။

ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) -

"မြန်မာအာဏာပိုင်တွေဟာ သူ့လူထုအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဆောင်ရွက် ပေးတာကို လက်ခံရမဲ့အစား အတားအဆီးတွေလုပ်နေတာဟာ ဝမ်းနည်းစရာပါ၊ ကျမတို့က တော့ တရုတ်နိုင်ငံရော၊ တခြား နားချနိုင်သူတွေကို ဆက်ပြီး ပြောဆိုနေမှာပါ"

ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဘို့ စစ်ဗိုလ်ချုပ်ကြီးတွေ ကို တိုက်တွန်းနေဆဲပါ။

ရစ်ချတ်ဟော်ဆီး (Richard Horsey) -

"သူတို့မှာ ကျနော်တို့ ကယ်ဆယ်ရေးလုပ်နိုင်အောင် လိုအပ်တဲ့ သင်္ဘောတွေ၊ ကုန်တင်ယဉ် တွေ၊ ရဟတ်ယဉ်တွေ လုံလုံလောက်လောက် မရှိပါဘူး၊ ဒီတိုင်းပြည်ရဲ့အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဖွင့်ပေးဘို့ လိုပါတယ်"

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲဘို့၊ အမြင်မတူသူတွေကို သည်းခံပြီး ထောင်ချထားတာက ပြန်လွှတ်ဘို့ စတာတွေအတွက် မြန်မာစစ်အစိုးရကို ဖိအားပေးဘို့ အ နောက်နိုင်ငံ အစိုးရတွေဟာ တရုတ်နဲ့ အိန္ဒိယကို နှစ်ပေါင်းများစွာ ပြောဆိုခဲ့ပါတယ်။ အခုထိတော့ ဒီနှစ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေဟာ နဲနဲလေး တိုးတက်လာတယ်လို့ ပြောရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG