သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရပါတီ ဖျက်သိမ်းရေး ထိုင်းရွေးကောက်ပွဲ ကော်မရှင် တောင်းဆို


ထိုင်းနိုင်ငံအတွင်း အစိုးရကို ဆန့်ကျင်သူ
တွေနဲ့ ထောက်ခံသူတွေအကြား အကြမ်း
ဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်
အာရှနိုင်ငံတွေက ထိုင်းနိုင်ငံကို ခရီးသွား
မယ်ဆိုရင် သတိထားဖို့ သူတို့နိုင်ငံသား
တွေကို သတိပေးနေကြပါတယ်။ ထိုင်း
ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဝန်ကြီး
ချုပ် ဆမတ် ဆွန်ထရာဝေး (Samak
Sundaravej) ရဲ့ လက်ရှိအာဏာရပါတီကို
ပြီးခဲ့တဲ့ ဒီဇင်ဘာရွေးကောက်ပွဲမှာ မဲလိမ်မှု
တွေ ရှိခဲ့တယ်ဆိုပြီး ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နောက်ဆုံး
အခြေအနေနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦးက စုစည်းတင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် တောင်ကိုရီး
ယားနဲ့ စင်ကာပူနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ထိုင်းနိုင်ငံကို ခရီးသွားကြမယ်
ဆိုရင် အထူးသတိထားဖို့ သတိပေးထားပါတယ်။ တချိန်တည်းမှာ တခြားနိုင်ငံတွေက
ကမ္ဘာလှည့်ခရီးသည်တချို့လည်း ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးစဉ်တွေကို
ဖျက်သိမ်းနေကြပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေးအစိုးရ နုတ်ထွက်ပေးဖို့ ဆန္ဒပြ
သူတွေနဲ့ ထိုင်းအစိုးရကို ထောက်ခံသူတွေအကြား အင်္ဂါနေ့မနက် စောစောပိုင်းက
ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ပါတယ်။ လူ ၄၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့
ပြီးနောက် အစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။ ဒီလို
အကြမ်းဖက် ခိုက်ရန်ဖြစ်ပွားမှုတွေကြား ထိုင်းစစ်တပ်ကလည်း လုံခြုံရေးအတွက် အကူ
အညီပေးဖို့ တပ်ခွဲ ၄ ခု၊ စစ်သား ၄၀၀ လောက်ကို ဘန်ကောက်မြို့ကို အကူအညီပေးဖို့
စေလွှတ်ထားပါတယ်။ ဒါပေမယ့် စစ်တပ်အနေနဲ့ ဆန္ဒပြသူတွေအပေါ် အင်အားသုံး
ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းတာတွေ လုပ်မှာမဟုတ်ဘူးဆိုပြီး ကြည်းတပ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး အနုပွန် ပေါင်ချင်ဒါ (Anupong Paochinda) က ပြောဆိုပါတယ်။

တနင်္လာနေ့ ညနေပိုင်းအထိတော့ အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေက အစိုးရရုံးဝန်း
အတွင်းကို သိမ်းထားပြီး လုံခြုံရေးအဖွဲ့တွေ၊ ဆေးရုံလူနာတင်ကားတွေ လှည့်လည်သွား
လာနေတဲ့ကြားမှာပဲ မိန့်ခွန်းပြောသူပြော၊ သီချင်းတွေဖွင့်ပြီး အခြေအနေတွေဟာ
အကြမ်းဖက်တိုက်ခိုက်မှုတွေမရှိဘဲ အေးဆေးနေခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး အခုတော့ နိုင်ငံတော် အရေးပေါ်အခြေ
အနေ ကြေညာထားသလို ထိုင်းအစိုးရက လူ ၅ ယောက်ထက် မစုဝေးရဆိုပြီး အမိန့်
ထုတ်ထားပါတယ်။ ထိုင်းနိုင်ငံတွင်း သတင်းဌာနတွေအနေနဲ့လည်း တည်ငြိမ်အေးချမ်း
ရေးကို ထိခိုက်စေတဲ့ သတင်းပေးပို့တာတွေ မလုပ်ရဘူးဆိုပြီး တားမြစ်ကန့်သတ်ထား
ပါတယ်။

ဒီလို နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီး ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိနေတဲ့အချိန်
ဝန်ကြီးချုပ် ဆမတ်ရဲ့ အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ
မဲလိမ်မှုတွေ ရှိခဲ့တယ်ဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။
ဒီလို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က လက်ရှိထိုင်းဝန်ကြီးချုပ်ကို ရာထူးက
နုတ်ထွက်ပေးဖို့ နောက်ထပ်ဖိအားပေးမှုတခုလည်း ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံအတွင်း အစိုးရရုံးတွေကို သိမ်းထားတဲ့ သပိတ်တွေမှာ နိုင်ငံတဝန်းက
ပူးပေါင်းပါဝင်မှုတွေ ရှိလာနေပြီး နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း ၄၃ ခုက အလုပ်
သမား ၂၀,၀၀၀ ကို ကိုယ်စားပြုတဲ့ အလုပ်သမားသမဂ္ဂတွေကလည်း ဒီသပိတ်မှာ
ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ အစိုးရအနေနဲ့ နုတ်ထွက်မပေးဘူးဆိုရင် အစိုးရရုံးတွေကို
ရေ၊ မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်မယ်ဆိုပြီး အစိုးရဝန်ထမ်းတွေက
ခြိမ်းခြောက်နေပါတယ်။ ဒါ့အပြင် မီးရထားလုပ်ငန်းဝန်ထမ်းတွေ သပိတ်မှာ ပါဝင်လာခဲ့
တဲ့အတွက် ဘန်ကောက်နဲ့ တခြားမြို့တွေကို ဆက်သွယ်တဲ့ ကုန်တင်ရထားတွေ
တော်တော်များများ မထွက်နိုင်ဘဲ ရှိနေခဲ့ပါတယ်။

ဆန္ဒပြသူတွေက အစိုးရအနေနဲ့ နုတ်ထွက်မပေးဘူးဆိုရင် နောက်ထပ် လေဆိပ်တွေကို
ပိတ်ပစ်ဖို့ ကြိုးစားမှာဖြစ်ပြီး လေယာဉ်ခရီးစဉ်တွေ ပယ်ဖျက်ရအောင်လုပ်မယ်လို့
ခြိမ်းခြောက်ထားပါတယ်။ စောစောပိုင်းတုန်းကတော့ ကမ္ဘာလှည့်ခရီးသည်တွေ အသွား
များတဲ့ ထိုင်းနိုင်ငံမှာ ဖူးခက်လေဆိပ် အပါအဝင် လေဆိပ် ၃ ခုကို ဆန္ဒပြသူတွေ
ဝင်သိမ်းခဲ့တာကြောင့် လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အခု ဒီလေဆိပ်တွေ
ပြန်ဖွင့်ပြီး ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲနေပြီ ဆိုပေမယ့်လည်း ဆန္ဒပြခေါင်းဆောင်တွေ
က ဒါဟာ သဘောလောက်ပဲလုပ်တာဆိုပြီး ခြိမ်းခြောက်နေပါတယ်။

တချို့ နိုင်ငံရေးအကဲခတ်တွေကတော့ ထိုင်းအစိုးရကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူ
တွေအကြား ခိုက်ရန်ဖြစ်ပွားမှုတွေက ထိုင်းနိုင်ငံအတွင်း လူတန်းစားပဋိပက္ခကို
မီးမောင်းထိုးပြနေတယ်ဆိုပြီး သုံးသပ်ပြောဆိုကြပါတယ်။ ထိုင်းနိုင်ငံအတွင်း လူလတ်
တန်းစားတွေနဲ့ အောက်ခြေ နိစ္စဓူဝ ရုန်းကန်နေရတဲ့ ပြည်သူတွေအကြား အစိုးရအပေါ်
ထောက်ခံမှု သဘောထားကွဲလွဲတာက အခုလို ခိုက်ရန်ဖြစ်ပွားမှုတွေ၊ နိုင်ငံရေးတင်းမာ
မှုတွေ ပိုပြီးကြီးထွားတာဆိုပြီး သုံးသပ်ကြတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကတော့ ထိုင်းနိုင်ငံကိုရောက်ပြီးသား ကမ္ဘာလှည့်ခရီးသည်
တွေကလည်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ထပ်ပြီး
ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံက ပြန်ထွက်ခွာနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေးကတော့ နိုင်ငံတော် အရေးပေါ်အခြေအနေ
ကြေညာပြီးနောက်မှာ အစိုးရရုံးတွေကို သိမ်းထားတဲ့ ဆန္ဒပြသူတွေကို နေရာက
ဖယ်ရှားပစ်ဖို့အတွက် ထိုင်း ကြည်းတပ်စစ်ဦးစီးချုပ် ဦးဆောင်တဲ့ ဥပဒေစိုးမိုးရေး
ကော်မတီကနေ လိုအပ်သလို ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်း
ပွဲမှာ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG