သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေလရီ ကလင်တန် မိန့်ခွန်းထဲမှ အီဒီယံအသုံးအနှုန်းများ


အခုတပတ် တင်ပြထားတဲ့ အီဒီယံအသုံးအနူန်းများကတော့ ပြီးဆုံးသွားခဲ့တဲ့ ဒီမိုကရက်တစ် ပြည်လုံးကျွတ် ညီလာခံကြီးမှာ နယူးရော့ပြည်နယ် အထက်လွှတ်တော်အမတ် ဟေလရီ ကလင်တန် (Hillary Clinton) သြဂုတ်လ ၂၆ ရက်နေ့ညမှာ ပြောဆိုသွားတဲ့ မိန့်ခွန်းထဲက အီဒီယံအသုံးအနှုန်း ဝေါဟာရအချို့များဖြစ်တဲ့ No Way No How, Gave In Gave Up, Green Collar Jobs တို့ကို ကောက်နုတ် တင်ပြထားပါတယ်။

ပထမ အီဒီယံအသုံးအနူန်း = No Way No How "ဘယ်လိုမှ လက်မခံနိုင်တဲ့နည်း၊ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး"။

အထက်လွှတ်တော်အမတ် ဟေလရီ ပြောသွားတာကတော့ "No way, no how, no McCain." "ဘယ်လိုမှ ဘယ်နည်းနဲ့မှ လုံး၀ မက္ကိန် ကို လက်မခံနိုင်ဘူး" လို့ ပြောဆိုသွားတာပါ။

ဒုတိယ အီဒီယံအသုံးအနူန်း = Gave In (အရှုံးပေးခြင်း)၊ Gave Up (လက်မြောက်အရှုံးပေးခြင်း)

ဥပမာ - "You never gave in and you never gave up. And, together we made history."

"ရှင်တို့တတွေ အညံ့မခံခဲ့ကြဘူး။ ရှင်တို့တတွေ လက်မြောက်အရှုံး မပေးခဲ့ကြဘူး။ ဒါကြောင့်လည်း ကျမတို့တတွေ အားလုံးအတူတကွ သမိုင်းမှတ်ကျောက် တင်နိုင်ခဲ့တယ် လို့ အဓိပ္ပာယ် ရပါတယ်။"

တတိယ အီဒီယံအသုံးအနူန်း = Green Collar Jobs (တိုက်ရိုက် အဓိပ္ပာယ် ဖွင့်ဆိုချက် "အင်္ကျီကော်လာစိမ်း အလုပ်အကိုင်")။ ရှိရင်စွဲ အလုပ်အကိုင် အဆင့်အတန်း နှစ်မျိုးရှိပါတယ်။ White Collar Job (ကော်လာအဖြူ အလုပ်အကိုင် နဲ့ Blue Collar Jobs (ကော်လာပြာ အလုပ်အကိုင်) တို့ဖြစ်ပါတယ်။

အီဒီယံအသုံးအနှုန်းမှာတော့ White Collar Jobs ကို ပညာတက် (ညဏ) ရုံးအလုပ်အကိုင်မျိုးကို ခေါ်ဆိုပြီး Blue Collar Jobs ကတော့ ပင်ပန်းတဲ့ အလုပ်ကြမ်း (ကာယ) အလုပ်အကိုင်များကို ခေါ်ဆိုပါတယ်။ အခုခေတ် ကာလမှာတော့ ပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ ကမ္ဘာကြီး ပူနွေးလာမှုတွေ ခေတ်စားလာတဲ့ အချိန်မှာ Green Collar Jobs ဆိုတာကတော့ ပတ်ဝန်ကျင် စိမ်းလန်းစိုပြေ သာယာရေးကို လုပ်ကိုင်တဲ့ အလုပ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။

ဥပမာ - "To promote a clean energy economy, we'll create a million of green collar jobs"

"သန့်စင်တဲ့ လောင်စားစွမ်းအင် အသုံးပြုတဲ့ စီးပွားရေးစနစ်ကို ထောက်ခံ အားပေးခြင်းဖြင့် ပတ်ဝန်ကျင် စိမ်းလန်စိုပြေမဲ့ အလုပ်အကိုင်များစွာကို ဖန်တီးစေမယ်" လို့ ပြောကြားသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG