သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးအပေါ် အခြေအနေ ဘန်ကောက်မြို့တွင် ထုတ်ပြန်


ထိုင်းနိုင်ငံမှာ ဆန္ဒပြကြတဲ့ အတိုက်အခံ အုပ်စုနှစ်ခုအကြား လူသေဆုံးခဲ့ရတဲ့ အထိကရုန်းတွေဖြစ်ပွားခဲ့မှုကြောင့် ထိုင်းဝန်ကြီးချုပ် စမတ်စွန်ထရာေ၀ (Samak Sundaravej) က နိုင်ငံအရေးပေါ်အခြေအနေကို ဘန်ကောက်မြို့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ အင်္ဂါနေ့ မှာ ထိုင်းဘာသာနဲ့ အသံလွှင့်ပြောဆိုတာမှာ လူ (၅) ဦးထက် ပိုပြီး စုရုံးခွင့်ကို လည်း ပိတ်ပင်တားမြစ်တဲ့အကြောင်းဖေါ်ပြထားပါတယ်။ ဒါအပြင့် ထိုင်းနိုင်ငံရဲ့ အရှိန်အဝါကြီးတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနုဖွန် ဖေါဂျင်ဒါ (Gen Anupong Paochinda) ကို လည်း အခြေအနေကို ကိုင်တွယ်ထိမ်းသိမ်းဘို့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးအနုဖွန်ဟာ စောစောပိုင်းတုံးက ထိုင်းစစ်သားတွေကို စေ လွှတ်ဘို့ အမိန့်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

အဂါၤနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အထိကရုန်းကြောင့် အနည်းဆုံး လူ(၃၇) ဦးဒါဏ်ရာရရှိပြီး တဦး သေဆုံးခဲ့ပါတယ်။ သေနတ်ကျည်မှန်သူ နှစ်ဦးကို ဘန်ကောက်ဆေးရုံးမှာ ကုသနေတယ်လို့ ဆိုပါတယ်၊

ဒီအထိကရုန်းဟာ ဝန်ကြီးချုပ် စမတ်ကို ထောက်ခံသူရာပေါင်းများစွာက အစိုးရရုံးခြံဝင်းကို ရက်အတန်ကြာ စီးနင်းထားခဲ့တဲ့ အစိုးဆန့်ကျင်သူတွေကို မောင်းထုတ်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG