သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအတွေ့အကြုံပေါ် ဝေဖန်မှု ဒုသမ္မတလောင်း ချေပ


နိုင်ငံရေး နယ်ပယ်မှာ လူသိ သိပ်မများတဲ့ အလစကားပြည်နယ် အုပ်ချုပ်ရေးမှူး ဆယ်ရာ ပေလင်၊ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဒုတိယ သမ္မတလောင်းအဖြစ်နဲ့ ရီပတ်ဗလစ်ကန် ပါတီ အမျိုးသား ညီလာခံမှာ မိတ်ဆက်ရင်းနဲ့ မိန့်ခွန်းစကား ပြောကြားဖို့ ပြင်ဆင်နေပါပြီ။ ရီပတ်ဗလစ်ကန်ပါတီရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတအဖြစ် ရွေးကောက်ပွဲဝင်မယ့် ဆယ်ရာပေလင်က အများ မျှော်လင့်စောင့်စားနေတဲ့ မိန့်ခွန်းကို မနီဆိုးတား ပြည်နယ် စိန့်ပေါလ်မြို့မှာ ပြောကြားတော့မှာပါ။

ဒီမိုကရက်တစ် ပါတီဘက်က ဘားရက် အိုဘားမားနဲ့ ဂျိုး ဘိုင်ဒန် တို့က မိမိရဲ့ အတွေ့အကြုံကို အထင်သေးတယ်လို့ မိန့်ခွန်းထဲမှာ ထည့်သွင်းမယ်လို့ ဆိုပါတယ်။ လူမှုရေး ကွန်ဆာဗေးတစ် ရှုမြင်မှုများကြောင့် ပါတီတွင်းက တချို့က အားသစ်လောင်းစေပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ကြိမ်သာ လုပ်ဖူးတယ်ဆိုတဲ့အတွက်ကြောင့် အတွေ့အကြုံ နုသေးတယ်လို့ တချို့ကလည်း ဝေဖန်နေကြပါတယ်။

ဂျွန်မက်ကိန်းက ရီပတ်ဗလစ်ကန် ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ဖို့နဲ့ ဆယ်ရာပေလင်ကိုလည်း ဒုတိယ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ပါတီ ညီလာခံက တရားဝင် အတည်ပြုပါလိမ့်မယ်။ ဂျွန်မက်ကိန်းနဲ့ စောစောက ပြိုင်ဘက်များဖြစ်ကြတဲ့ ရီပတ်ဗလစ်ကန် ပါတီတွင်းက ပုဂ္ဂိုလ်များကလည်း ဆယ်ရာပေလင်ဘက်က ခုခံကာကွယ်ပြီး ဒီမိုကရက်တစ် သမ္မတလောင်း ဘားရက် အိုဘားမားကို ဝေဖန်တဲ့ မိန့်ခွန်းများ ပြောကြားမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG