သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက်မှုများနှင့် မပတ်သက်ဟု အန်န်အယ်လ်ဒီ ရှင်းလင်း


တနင်္ဂနွေနေ့က စစ်အစိုးရ သတင်းစာရှင်းလင်းပွဲ
မှာ ဖောက်ခွဲရေးလုပ်ငန်းတွေမှာ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် လူငယ်တွေ ပါဝင်ပတ်သက်နေ
တယ်လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက စွပ်စွဲသွားပေ
မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒဟာ
ဒီမိုကရေစီစနစ်ကို အကြမ်းမဖက် ငြိမ်းချမ်းစွာ
ကူးပြောင်းရေးပဲဖြစ်တယ်လို့ အန်န်အယ်လ်ဒီ
ပြောခွင့်ရသူက တုံ့ပြန်ပြောပါတယ်။ အကြောင်း
စုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့
ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ အတိုက်အခံ
လှုပ်ရှားသူတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ
သင်တန်းတွေပေးပြီးတော့ ပြည်တွင်းမတည်မငြိမ်
ဖြစ်အောင် အကြမ်းဖက်မှုတွေလုပ်ဖို့ ကြိုးစားကြတယ်၊ ဖောက်ခွဲဖျက်ဆီးရေးတွေ
လုပ်ကြတယ်လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက စွပ်စွဲသွားတာပါ။

ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ပါဝင်ကြပြီး ဒါဟာ ဥပဒေကို
ကျူးလွန်ချိုးဖောက်တာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကတော့ သူတို့ရဲ့မူဝါဒဟာ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဒီမိုကရေစီကူးပြောင်း
ရေးသာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ရှင်းလင်းပြောပါတယ်။

"ကျနော်တို့က အခု သူတို့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာကြားလို့ သိတာပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကပေါ်လစီက ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကိုပဲ ကြိုးစားပါတယ်။ တောက်လျှောက်လည်း ကျနော်တို့
နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့နဲ့ Dialogue လုပ်ဖို့သာ ကြိုးစားပါတယ်။ ဒီကိစ္စ
တွေ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် လောလောဆယ်အားဖြင့် ကျနော်ပြောနိုင်တာက
အခုဟာတွေက သက်သေထင်ရှားပြီးအချက် မဟုတ်တဲ့ကိစ္စ၊ တရားရုံးတင်ပြီးတော့
Prove ဖြစ်ပြီးတဲ့ကိစ္စ မဟုတ်ဘူး။ ဒါဟာ စွပ်စွဲချက်အဆင့်ပဲ ရှိသေးတယ်ဆိုတာ
ကျနော်ပြောချင်ပါတယ်။"

အခုလိုအခြေအနေကြောင့် အန်န်အယ်လ်ဒီပါတီရဲ့ လက်ရှိ တရားဝင်ရပ်တည်မှု၊
တရားဝင်တည်ရှိမှုကိုရော တစုံတရာ အထိအခိုက်ဖြစ်နိုင်ပါသလား။

"ကျနော်တို့ အန်န်အယ်လ်ဒီရဲ့ ရပ်တည်မှုကိုတော့ ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ဘာကြောင့်
လဲဆိုတော့ အဖြစ်အပျက်က မှန်ခဲ့ရင်တောင် အဲဒီဥစ္စာ အန်န်အယ်လ်ဒီရဲ့ မူဝါဒလည်း
မဟုတ်တဲ့အတွက်ပါ။ ကျနော်တို့ကတော့ အခုလို အန်န်အယ်လ်ဒီအတွက် အရေးကြီးတဲ့
အချိန်ပေါ့၊ အရေးကြီးတယ်ဆိုတာ သတင်းစာရှင်းလင်းပွဲကြောင့် မဟုတ်ပါဘူး၊ တဖက်
က Road Map ၇ ချက်ကို လုပ်နေတယ်၊ ကျနော်တို့ကလည်း ဒီဘက်က ဒီ Road Map
ကိုသွားတဲ့ Constitution တို့ ညီလာခံတို့ကို အသိအမှတ်မပြုဘူး။

"ဒီလို အရေးကြီးတဲ့ကာလမှာ လူငယ် လူကြီးမရွေး အန်န်အယ်လ်ဒီ အဖွဲ့ချုပ်အနေနဲ့
စည်းလုံးညီညွတ်မှုက အရေးအကြီးဆုံးပဲ။ စည်းလုံးညီညွတ်မှုကို ပြသနိုင်ဖို့ကလည်း
အရေးကြီးဆုံးပဲလို့ ကျနော်တော့ ထင်ပါတယ်။"

အခု မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်လိုက်တော့ အဓိက ပြည်တွင်း
ပြည်ပက ဖောက်ခွဲလုပ်ကြံဖို့ဆိုတဲ့ဟာမျိုးတွေ၊ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ကို တိုက်ရိုက်မဟုတ်ပေမယ့် ပါတီဝင်တွေ တော်တော်များများ ပတ်သက်နေတယ်
ဆိုပြီး ပြောနေပါတယ်။ အဲတော့ မနေ့က သတင်းစာရှင်းလင်းပွဲကို ခြုံပြီးကြည့်လိုက်ရင်
ဦးဉာဏ်ဝင်းတို့အနေနဲ့ ဘယ်လိုယူဆပါလဲ။

"ခြုံပြီးကြည့်ရင်တော့ အန်န်အယ်လ်ဒီကို ထိခိုက်အောင်ပြောတဲ့ အဓိပ္ပာယ်ရတယ်။
ဘာဖြစ်လို့လဲဆိုတော့ တချို့ပုဂ္ဂိုလ်တွေက အစိုးရလည်း သိပြီးသားပါ၊ အန်န်အယ်လ်ဒီ
က ထုတ်ပယ်ပြီးသား၊ အန်န်အယ်လ်ဒီမဟုတ်တဲ့ လူတွေပါ။ ဒီလိုဟာတွေကို တော်တော်
ထင်ထင်ရှားရှား ပေါ်လွင်အောင် ပြောနေတော့ အန်န်အယ်လ်ဒီကို ထိခိုက်စေတဲ့
ပြောဆိုခြင်းပဲလို့ ကျနော်တော့ ယူဆပါတယ်။"

တချို့ အဲဒီထဲမှာပါတဲ့လူတွေ၊ အန်န်အယ်လ်ဒီက ထုတ်ပယ်ခံထားရတဲ့လူတွေက
အန်န်အယ်လ်ဒီရဲ့ မူဝါဒကို တစုံတရာ ထိခိုက်လို့ ထုတ်ပယ်ထားတာလား၊ ဘယ်လို
အကြောင်းမျိုးတွေကြောင့်ပါလဲ။

"ကျနော် အသေးစိတ်တော့ မမှတ်မိဘူး။ တယောက်တလေ မှတ်မိတာကတော့ သူတို့
က အန်န်အယ်လ်ဒီရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်တာတွေအပေါ်မှာ စုံစမ်းစစ်ဆေးပြီး
တော့ ထုတ်ပယ်ထားတဲ့လူတွေ ပါပါတယ်။"

မြန်မာစစ်အစိုးရနောက်ခံ ကြံ့ခိုင်ရေးမြို့နယ်ရုံးတရုံး ဗုံးခွဲမှုမှာ အခုလို အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စစ်အစိုးရက စွပ်စွဲခဲ့တာပါ။
အခုနောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံတွင်း ဗုံးကွဲမှုတွေ အတော်များများ ရှိလာခဲ့ပါ
တယ်။ စစ်အစိုးရကတော့ ဒါဟာ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အတိုက်အခံတွေရဲ့
လက်ချက်ပဲလို့ အမြဲလိုလို စွပ်စွဲလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုစွပ်စွဲခံရတဲ့လူတွေကို
တရားစွဲဆို အရေးယူရာမှာ အများပြည်သူရှေ့ စစ်ဆေးလေ့မရှိတာကြောင့်လည်း ဒီလို
စွပ်စွဲချက်တွေဟာ လုပ်ကြံမှုတွေသာဖြစ်တယ်လို့ အတိုက်အခံတွေဘက်ကလည်း
တုံ့ပြန်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG