သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား တရားရေးဝန်ကြီး ရာထူးကနုတ်ထွက်


မလေးရှားနိုင်ငံမှာ ပြည်တွင်းလုံခြုံရေးဥပဒေနဲ့ လူ ၃ ယောက်ကို ဖမ်းဆီးလိုက်တဲ့
အပေါ် အတိုက်အခံတို့ရဲ့ ပြစ်တင်ဝေဖန်လာတဲ့နောက်ပိုင်း တရားရေးကို တာဝန်ယူနေ
ရတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ဇာအိဒ် အီဘရာဟင် (Zaid Ibrahim) ရာထူးက ဒီနေ့
နုတ်ထွက်လိုက်ပါတယ်။

အကြမ်းဖက်သမားများ နိုင်ငံရဲ့လုံခြုံရေး ခြိမ်းခြောက်မှသာ ဒီလို ပြည်တွင်းလုံခြုံရေး
ဥပဒေကို အသုံးပြုရမှာလို့ ဝန်ကြီး ဇာအိဒ်က ဆိုပါတယ်။

ဝန်ကြီး ဇာအိဒ်ရဲ့ နုတ်ထွက်စာကို ဝန်ကြီးချုပ် အဗ္ဗဒူလာ အာမက် ဘာဒါဝီ (Abdullah
Ahmad Badawi) က လက်ခံလိုက်ပြီလား၊ လက်မခံသေးဘူးလားဆိုတာတော့ ရှင်းရှင်း
လင်းလင်း မသိရသေးပါဘူး။

အတိုက်အခံ နိုင်ငံရေးသမားတယောက်၊ ဘလော့ဂါတယောက်နဲ့ သတင်းထောက်
တယောက်တို့ကို သောကြာနေ့မှာ အစိုးရက ဖမ်းဆီးလိုက်တဲ့အတွက် အတိုက်အခံ
ခေါင်းဆောင် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က နောက်တနေ့မှာ ပြစ်တင်
ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ၃ ယောက်ကို ပြည်တွင်းလုံခြုံရေးဥပဒေနဲ့ ဖမ်းထား
လို့ ရုံးမတင်ဘဲ အကန့်အသတ်မရှိ ချုပ်ထားနိုင်ခွင့်ရှိပါတယ်။

လာမယ့်ရက်များအတွင်း ပါလီမန်ထဲမှာ အတိုက်အခံတို့ အာဏာရယူဖို့ ပြုလုပ်နေတဲ့
အချိန် အာဏာရပါတီ အဲဒီအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အစိုးရနဲ့
သဘောထားကွဲလွဲသူများကို နှိပ်ကွပ်တာလို့ အတိုက်အခံခေါင်းဆောင် အန်ဝါ
အီဘရာဟင်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG