သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အသေးစားငွေချေးဘဏ် နယူးယောက်တွင် ဘဏ်ခွဲဖွင့် ငွေချေး


စက်တင်ဘာ ၁၅၊ ၂၀၀၈ - ဘင်္ဂလားဒေ့ရှ်နိုင်ငံက နာမည်ကျော် အသေးစား ငွေချေး
လုပ်ငန်းတခုဖြစ်တဲ့ Grameen ဘဏ်ဟာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့
မှာ ဘဏ်ခွဲတခု ဖွင့်လှစ်လိုက်ပါပြီ။ Grameen ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲ
သားတွေထဲမှာမှ အဆင်းရဲဆုံးဆိုတဲ့လူတွေကို ငွေချေးတဲ့ဘဏ်ပါ။.

အခုတော့ နယူးယောက်မြို့တော်ကြီးက ဆင်းရဲသားတွေကိုကူညီဖို့ ဘဏ်ခွဲဖွင့်လိုက်
တာဖြစ်ပါတယ်။ နယူးယောက်မြို့ဟာ ကမ္ဘာမှာ အချမ်းသာဆုံးမြို့ကြီးတွေထဲကတခုပါ။
ဒါပေမယ့် နယူးယောက်မြို့ ကျန်းမာရေးနဲ့ လူသားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဌာနရဲ့
စာရင်းအင်းတွေအရဆိုရင် နယူးယောက်မြို့လူဦးရေရဲ့ ၂၃%ဟာ ဆင်းရဲသားတွေ
ဖြစ်ကြပါတယ်။

အခုတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်
Grameen ဘဏ်က ဒီကိန်းဂဏန်းကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေပါပြီ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG