သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗဟိုဘဏ်က AIG အာမခံ ကုမ္ပဏီကို ဒေါ်လာငွေ ၈၅ ဘီလီယံ အရေးပေါ် ထုတ်ချေး


ကမ္ဘာ့အကြီးဆုံး အာမခံ ကုမ္ပဏီတခုဖြစ်တဲ့ အမေရိကန် အင်တာနေရှင်နယ် ဂရု AIGကို ဘဏ္ဍာရေး ဆိုင်ရာ ပြဿနာတွေကနေ ရင်ဆိုင်နေရတာကနေပြီးတော့ ကယ်တင်နိုင်ဖို့ အရေးပေါ် ချေးငွေ အဖြစ်နဲ့ အမေရိကန် အစိုးရက ဒေါ်လာ ဘီလီယံ ၈၅သန်း ထောက်ပံ့ဖို့ သဘောတူလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဌာနရဲ့ ထောက်ခံမှုနဲ့အတူ ပြည်ထောင်စု ဗဟိုဘဏ် အုပ်ချုပ်ရေး အဖွဲ့က မနေ့ နှောင်းပိုင်းကပဲ အတည်ပြုလိုက်တာပါ။ ဘဏ္ဍာရေး ဆိုင်ရာ ဈေးကွက် အထိအခိုက် မခံနိုင်လောက်တဲ့အဆင့်ရောက်နေတဲ့အချိန်မှာ AIGရဲ့ ပရမ်းပတာဖြစ်မှုက နောက်ထပ် ပြဿနာတွေကို ကြီးထွားလာစေလိမ့်မယ်ဆိုပြီး ပြည်ထောင်စု ဗဟိုဘဏ် အုပ်ချုပ်ရေး အဖွဲ့က ဆုံးဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းတွေမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတဲ့ နောက်ပိုင်း AIGဟာ ပြိုကွဲလု နီးနီးဖြစ်ခဲ့တာပါ။ အခုတပတ် အစောပိုင်းမှာတုန်းကလည်းပဲ အိမ်မြေ အကြွေ စနစ် ရောင်းချဖို့နဲ့ credit အကြွေးလုပ်ငန်း ပြဿနာတွေကြောင့် အမေရိကန်က အဓိက ရင်းနှီး မြုပ်နှံထားတဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ လီမန် ဘရားသားစ် ဆိုတာလည်း ဒေဝါလီခံ ဖြတ်သိမ်းဖို့ လျှောက်ထားခဲ့ရပြီးပါပြီ။ အဲဒီတုန်းကတော့ ဥရောပ၊ အာရှနဲ့ အမေရိကန် ပြည်ထောင်စုက အဓိက ဘဏ်ကြီးတွေကတော့ ကမ္ဘာတဝန်းက ငွေကြေး ဈေးကွပ် အကျပ်အတည်း စိုက်နေတာတွေကို ပိုပြီး အခြေအနေ ဆိုးမသွားစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေါ်လာ သန်းထောင်ပေါင်းများစွာကို ငွေကြေးဈေးကွပ်ထဲ ထည့်ဝင် မြုပ်နှံခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG