သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက် အသင့်အတင့် ပြန်တက်ပေမယ့် ကယ်တင်ရေးအစီအစဉ် မရေရာသေး


ဝေါလ် စထရိ (Wall Street) ဈေးကွက်ပေါ် က ဒုက္ခရောက်နေတဲ့ လုပ်ငန်းတွေ ကို ငွေကြေး အကျပ်အတည်း က ကယ်တင်မယ့် အစီအစဉ်တစ်ရပ် မူအားဖြင့် သဘောတူလိုက်ကြတယ် ဆိုတဲ့ သတင်းကြောင့် ဈေးကွက် ဟာ ကြာသပတေးနေ့ မှာ အသင့်အသင့် တက်လာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး သဘောတူညီချက် ကို ရောက်ရှိဖို့ လုပ်ရမယ့် အလုပ်တွေ ကို အိမ်ဖြူတော် အစည်းအဝေး က ဒီနေ့ နှောင်းပိုင်းမှာ မီးမောင်းထိုးပြလိုက်ပါတယ်။ ဒီ အစီအစဉ် နဲ့ ပတ်သက်ပြီး၊ လွှတ်တော်မှာရော၊ သာမန် အမေရိကန် ပြည်သူတွေကြားမှာ သံသယ ရှိနေကြဆဲဖြစ်ပါတယ်။ Mike O’Sullivan သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ကျဆုံးနေပြီ ဖြစ်တဲ့ ငွေကြေး ကုမ္ပဏီတွေ ကို ကယ်တင်မယ့် ဒေါ်လာ သန်းပေါင်း ၇ သိန်း ကုန်ကျမယ့် အစီအစဉ် ကြမ်း ကို သူတို့ သဘောတူလိုက်ကြောင်း လွှတ်တော် ရဲ့ အဓိက ကျတဲ့ အမတ်တွေ က ကြာသပတေးနေ့ က ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ နေ့လည်နှောင်းပိုင်း၊ အိမ်ဖြူတော် အစည်းအဝေး ပြီးတဲ့နောက်၊ လွှတ်တော် ရီပါဘလီကန် အမတ်တွေ က သဘောတူညီချက် အပေါ် သံသယ ရှိနေကြပါတယ်။ သမ္မတ ဘုရှ်၊ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား၊ ရီပါဘလီကန် ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်း နဲ့ လွှတ်တော် ရဲ့ ပါတီ ၂ ပါတီ က ခေါင်းဆောင်တွေ အစည်းအဝေး ကို တက်ရောက်ခဲ့ကြပါတယ်။

အထက်လွှတ်တော် ဘဏ်လုပ်ငန်း ကော်မီတီ ဝင်၊ အလာဘားမား ပြည်နယ် က အကြီးတန်း ရီပါဘလီကန် အထက် လွှတ်တော် အမတ် ရစ်ချတ် ရှယ်ဘီ က အစည်းအဝေး က ထွက်လာပြီး၊ သဘောတူညီချက် မရခဲ့ဘူး လို့ ပြောပါတယ်။ သမ္မတ ဘုရှ် ပါတီ က ငွေရေးကြေးရေး မှာ သမရိုးကျသမားတွေ ဖြစ်ကြတဲ့ အခြားသူတွေကလည်း သဘောတူညီချက် ကို ရောက်ရှိဖို့ ခုခံနေကြတုန်းပါပဲ။

သဘောတူညီချက် တစ်ရပ် ရရှိနိုင်ပါတယ်လို့ သူတို့ အကောင်းမြင်ကြောင်း အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ မစ္စတာ မက်ကိန်း နဲ့ မစ္စတာ အိုဘားမား တို့ က ပြောကြပါတယ်။ ဒါပေမဲ့ လုပ်စရာ အလုပ်တွေ က ရှိနေတုန်းပဲ လို့ အထက်လွှတ်တော် အမတ် အိုဘားမား က ပြောပါတယ်။

ငွေကြေး အကျပ်အတည်း က ကယ်တင်မယ့် စီမံကိန်းတစ်ရပ် ကို သဘောတူဖို့ နီးနေပြီ ဆိုတဲ့ သတင်း ကို သတိကြီးကြီး ထား တုန့်ပြန်လိုက်ကြတဲ့အတိုင်း ငွေကြေးဈေးကွက် က ကြာသပတေးနေ့ က တက်လာခဲ့ပါတယ်။ ဈေးဖွင့်လိုက်ကတည်း က ဆိုရင် ဒေါဂျုံး စက်မှု စတော့အညွှန်း က ပျမ်းမျှ ၁၉၆ မှတ် တက်သွားခဲ့ပါတယ်။ အစောပိုင်း က ဒါ့ထက် ပိုတက်ခဲ့ပြီး၊ ပြန်ကျလာခဲ့တာဖြစ်ပါတယ်။

နိုင်ငံ ရဲ့ စီးပွါးရေး နဲ့ ပတ်သက်ပြီး၊ သာမန် အမေရိကန် တွေကြားမှာ မရေရာမှုတွေ က ရှိနေပါတယ်။ ဝါရှင်တန် မှာ အဆိုပြုနေတဲ့ ငွေကြေး အကျပ်အတည်း ကယ်တင်ရေး စီမံကိန်း ကို တချို့လူတွေကလည်း သံသယ ရှိနေကြဆဲပါ။ လော့စ်အိန်ဂျယ်လိစ် က သမားတော်ကြီး ဘီလ် ကယ်လီ က အခြား လူတွေ အများကြီး က ပြောနေကြတဲ့အတိုင်း၊ ငွေကြေးအကျပ်အတည်း ကို ရှင်းနိုင်ဖို့ တစ်ခုခု လုပ်ရမယ် လို့ သူသိကြောင်း၊ ဒါပေမဲ့ အဆိုပြုထားတဲ့ အစီအစဉ် က မှန်တဲ့ အစီအစဉ် ဟုတ်မဟုတ် မသေချာလှကြောင်း ပြောပါတယ်။

“ကျွန်တော်တော့ ခပ်ကြောက်ကြောက်ပါပဲ။ ဒါ ကို နည်းနည်း နှေးလိုက်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီ အစီအစဉ် က အထောက်အကူ ဖြစ်လိမ့်မယ်လို့လည်း သူတို့ တကယ်တော့ မသိကြပါဘူး။”

နိုင်ငံ ရဲ့ အခြေခံ အဆောက်အဦ ကို ပြန်လည် တည်ဆောက်ရာမှာ ပိုကောင်းကောင်း သုံးဖို့ ကောင်းလေမလား သူ က စဉ်းစားပါတယ်။ ကျန်းမာရေး နဲ့ ပညာရေး အတွက် သုံးတာမျိုး၊ လစဉ်သွင်း အိမ်ချေးငွေ ပေးနိုင်ဖို့ ရုန်းကန်နေရရှာတဲ့ အိမ်ပိုင်ရှင်တွေ ကို ကူညီတာမျိုး ဖြစ်ပါတယ်။ တချို့ကလည်း ဒုက္ခရောက်နေတဲ့ ဝေါစထရိ က လုပ်ငန်းတွေ ကျဆုံးသွားပေစေ။ အမေရိကန် ရဲ့ ဘဏ္ဍာရေး စံနစ် က ဈေးကွက် က သူ့ဘာသာ ပြန် ပြဿနာရှင်းသွားလောက်အောင် အလိုက်သင့် ခံနိုင်ရည် ရှိတယ် လို့လည်း တချို့ က ပြောကြပါတယ်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ နဲ့ ဘဏ်တွေ မှာ အိမ်ချေးငွေ ကို အခြေပြုထားတဲ့ ပိုင်ဆိုင်မှုတွေ ရှိပါတယ်။ အစိုးရ ကယ်တယ်မယ့် အစီအစဉ် အရ၊ အဲဒီ ပိုင်ဆိုင်မှုတွေ ကို အစိုးရ က ဝယ်ယူလိုက်ပြီး၊ အဲဒီ လုပ်ငန်းတွေ တက်သွား နေနိုင်အောင် ကူညီမှာ ဖြစ်ပါတယ်။ အိမ်ဈေးတွေ ကျသွားတော့ အဲဒီ ပိုင်ဆိုင်မှု တန်ဖိုးတွေကလည်း ကျသွားပါတယ်။ အိမ်ပိုင်များစွာ ဟာ သူတို့ ရဲ့ လစဉ်ချေးငွေ ကို မပေးနိုင်ကြတော့ပါဘူး။ ကယ်တင်ရေး အစီအစဉ် က သမ္မတ ဘုရှ် က ခေါ်တဲ့ အလေးထားလောက်တဲ့ စီးပွါးရေး အကျည်အတည်း ကို ပြန် အခြေအနေကောင်းအောင် လုပ်ဖို့ ရည်ရွယ်ပါတယ်။ မြန်မြန်ဆန်ဆန် မလုပ်ဆောင်နိုင်ဘူး ဆိုရင်၊ ဘဏ်တွေ ပို ကျဆုံး၊ စတော့ဈေးကွက် ပိုကျ၊ ပင်စင် ရံပုံငွေတွေ ပို ဆုံးရှုံးစေလိမ့်မယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG