သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဈေးကွက်ဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


အမေရိကမှာ Goldman Sachs နဲ့ Morgan Stanley စတဲ့ ငွေကြေးရင်းနှီးမြှတ်နှံမှု ကုမ္မဏီကြီးတွေ ဒေဝါလီခံနေရချိန်မှာ တခြားဘဏ်တွေက ဝယ်ရောက်ကယ်တင်ခြင်း၊ ဗဟိုအစိုးရက စီးပွားရေးစနစ်ကြီး မပြိုကွဲရလေအောင် အရင်းအနှီ ဒေါ်လာ ဘီလံယံ ၇၀၀ နဲ့ ဝင်ကယ်တင်ဖို့ အစီအစဉ် သမ္မတ ဘုရှ် နဲ့ လွှတ်တော်ကြား အခြေအတင် ဆွေးနွေးမှုတွေ ရှိနေတဲ့ ကာလမှာ ငွေကြေးဆိုင်ရာ အီဒီယံ အသုံးအနူန်းတွေကို တင်ပြပေးထားပါတယ်။

ပထမအသုံးအနှုန်း - Golden Parachute - ရွှေလေထီး။ လေထီး လို့ တိုက်ရိုက်အဓိပ္ပာယ်ရှိပေမဲ့ အီဒီယံ အသုံးအနှုန်းမှာတော့ လေထီးဆိုတာ လေယာဉ်ပျက်ကျတဲ့အခါ အသက်မသေရအောင် မြေပြင်ကို လေထီးနဲ့ခုန်ဆင်း အသုံးပြုကြတယ်။ အထူးသဖြင့် တိုက်လေယာဉ်များ အပစ်ချခံရတဲ့အခါ တိုက်လေယာဉ်မှုးတွေ လေထီးကို အသုံးပြု ခုန်ချကြတယ်။ ဒီအတွက် အခုလို့ ငွေကြေးပြဿနာကို အကျမနာ ကယ်ဆယ်နိုင်ဖို့ အကျသက်သာအောင် လုပ်ပေးဖို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုထားပါတယ်။

အမေရိကမှာ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းများ နဲ့ ဘဏ်လုပ်ငန်းကြီးတွေရဲ့ အကြီးအကဲတွေက တနှစ်ဆိုရင် ဒေါ်လာသန်းနဲ့ချီ ရနေတဲ့အပြင် သူတို့ရာထူးမှ အနားယူတဲ့အခါ (သို့) နုတ်ထွက်ရတဲ့အခါ သူတို့ ရှေ့ရေး ငွေကြေး ဖူလုံစေဖို့ ကုမ္မဏီက စတော့ရှယ်ယာ အပါအဝင် ငွေကြေးဒေါ်လာ သန်းနဲ့ချီပြီး တလုံးတခဲတည်း နောက်ဆုံးလစာအဖြင့် စီစဉ်ပေးလေ့ ရှိပါတယ်။ အဲဒီလို လုပ်ဆောင်ပေးခြင်းကိုလည်း Golden Parachute ဟု ခေါ်ဆိုပါတယ်။

"In 2006 when he left his job, Merrill Lynch CEO Stanley O'Neal received a golden parachute package now worth about $66 million dollars. Now the investment company has been taken over by Bank of America."

"သက္ကရာဇ် ၂၀၀၆ ခု က Merrill Lynch ကုမ္မဏီရဲ့ ဥက္ကဌ စတန်လေ အိုနီလ် အလုပ်က နုတ်ထွက်ပေးရာမှာ ကာလတန်းဖိုး ဒေါ်လာ ၆၆ သန်း တန်တဲ့ နောင်ရေးဖူလုံစေမယ့် အစီအစဉ်ကို ရလိုက်တယ်။ အခုတော့ Merrill Lynch ငွေကြေးရင်းနှီးမြှတ်နှံမှု ကုမ္မဏီကြီးကို Bank of America က ကယ်တင်လိုက်ရပြီ။"

Sweetheart Deal - ချစ်သူရည်စား သဘောတူညီမှု။

အီဒီယံအသုံးအရတော့ အခုလို စီးပွားရေးမတည်မငြိမ်ကာလမှာ ဒေဝါလီခံကြရတဲ့ ကုမ္မဏီတွေကို အခြေအနေဟန်ကျနေတဲ့ တခြားကုမ္မဏီတွေက ဝင်ကယ်တဲ့ သဘောနဲ့ ဝယ်ယူရာမှာ ကမ်းလှမ်းတဲ့အချက်ထဲမှာ အထူးသဖြင့် ကုမ္မဏီထိပ်ပိုင်းအရာရှိတွေအတွက် အကျိုးရှိစေမဲ့ အဆိုပြုချက်မျိုးကို ဆိုလိုပါတယ်။ အထက်ပိုင်း အရာရှိတွေအတွက် နှစ်နာကြေးကို ဒေါ်လာသန်းနဲ့ချီ ပေးမယ်ဆိုတဲ့ အချက်မျိုးပါရင် ကုမ္မဏီအရောင်းအဝယ်ကို ပေးကြတဲ့ ထိပ်ပိုင်းအရာရှိတွေအတွက် သရေကျစရာ အသဲခိုက်စေမဲ့ ကမ်းလှမ်းချက်မျိုး ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလို လုပ်ဆောင်ခြင်းကို တံစုးလက်ဆောင် လာဘ်ထိုးတဲ့ သဘောလည်း ပြောဆိုနိုင်ပါတယ်။

"If you take a gift from someone, they are going to expect something in return. So, when elected officials receive a sweetheart deal from financial companies, they lose people's trust."

"လူတဦးဆီက လက်ဆောင်လက်ခံတယ်ဆိုရင် အဲဒီလူက အပြန်အလှန် သဘောအားဖြင့် သူကို တခုခု ပြန်လုပ်ပေးဖို့ မျှော်လင့်မှာဘဲ။ ဒါကြောင့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေက စီးပွားရေးကုမ္မဏီဘက်ကနေ အသဲခိုက်စေမဲ့ သရေကျစေမဲ့ ကမ်းလှမ်းချက်တွေ လက်ခံမယ်ဆိုရင် လူထုက သူတို့အပေါ် ယုံကြည်မှု ပျက်နိုင်တယ်။"

Kick back (noun) - လူတဦးဦး အဖွဲ့စည်းတရပ် ကော်မတီတခုခု ပိုပြီးကြွယ်ဝလာအောင် အာဏာရှိလာအောင် ပြုလုပ်ရာမှာ လာဘ်ထိုးပေးခြင်း။ အထူးသဖြင့် စီးပွားရေး ကန်ထရိုက်တွေ လေလံအပြိုင်ဆွဲရာမှာ ကိုယ့်ကုမ္မဏီက အနိုင်ရအောင် လေလံကန်ထရိုက်တွေကို လက်ခံရာမှာ အဆုံးဖြတ်ပေးတဲ့ ထိပ်တန်းအရာရှိ တဦးကို သူကိုယ်ပိုင်သုံးစွဲဖို့အတွက် ငွေကြေးပစ္စည်းစသည်တို့ကို လာဘ်ထိုးပေးခြင်းကို Kick back လို့ ခေါ်ပါတယ်။

"Energy services giant Halliburton has submitted it fired two members of staff in Iraq for taking kick backs about 6 million dollars."

"စွမ်းအင်ဝင်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကုမ္မဏီကြီးဖြစ်တဲ့ Halliburton က အီရတ်မှာရှိတဲ့ သူ့ဝန်ထမ်းနှစ်ဦးကို ဒေါ်လာခြောက်သန်းထိ လာဘ်ငွေ လက်ခံမှုအတွက် အလုပ်ဖြုတ်ပြစ်လိုက်တယ်လို့ ဝင်ခံခဲ့တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG