သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ကယ်တင်မှုအတွက် သမ္မတဘုရှ် ဆက်လက်ကြိုးပမ်းမည်


အမေရိကန်စီးပွားရေးကို ပြန်လည်ဆယ်ယူ
ကျားကန်ပေးဖို့အတွက် အမေရိကန်အစိုးရက
ငွေကြေးအလုံးအရင်း ထည့်ဝင်မယ့်အစီအစဉ်ကို
ကွန်ဂရက်စ်လွှတ်တော်ရဲ့ အတည်ပြုချက်ရရှိရေး
ကြိုးပမ်းနေမှု မပြီးဆုံးသေးပါဘူးလို့ ဒီနေ့ အင်္ဂါနေ့
မနက် စတော့ခ်ရှယ်ယာနဲ့ ငွေကြေးဈေးကွက်တွေ
မဖွင့်ခင်မှာ အမေရိကန်သမ္မတ ဂျော့ချ်ဘုရှ်က
နိုင်ငံကို တိုက်ရိုက် ရုပ်သံလွှင့်မိန့်ခွန်း ပြောကြား
သွားခဲ့ပါတယ်။

ကြွေးမြီတွေ မဆပ်နိုင်တော့တဲ့ ငွေကြေးရင်းနှီး
မြှုပ်နှံမှု ကုမ္ပဏီကြီးတွေရဲ့ ကြွေးဆုံးတွေကို အစိုးရ
ရဲ့ဘဏ္ဍာငွေ ဒေါ်လာသန်းပေါင်း ၇၀၀,၀၀၀
စိုက်ထုတ်ဖြေရှင်းပေးမယ့် အစီအစဉ်ကို မနေ့က ကွန်ဂရက်စ် အောက်လွှတ်တော်မှာ
မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့ကြပါတယ်။

တိုင်းပြည်ဟာ အရေးပေါ်အခြေအနေကို ဆိုက်ရောက်နေပြီး တခုခုကို ကျနော်တို့
မဆောင်ရွက်ကြဘူးဆိုရင် ဆိုးရွားလှတဲ့ အကျိုးဆက်တွေ နေ့စဉ် ကြီးထွားလာမှာ
ဖြစ်တယ်လို့လည်း သမ္မတဘုရှ်က ပြောဆိုသွားပါတယ်။ ကွန်ဂရက်စ်လွှတ်တော်က
လက်ခံနိုင်လောက်တဲ့ အစိုးရက ဘဏ္ဍာရေးအရ ဝင်ရောက်ကျားကန်ပေးမယ့် အစီ
အစဉ်တခု ဖြစ်ပေါ်လာရေးအတွက် သူ့အစိုးရအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေဟာ
ကွန်ဂရက်စ်ခေါင်းဆောင်တွေနဲ့ အတူတကွ အလုပ်လုပ်နေကြပါတယ်လို့လည်း
သမ္မတဘုရှ်က ဆိုပါတယ်။

စတော့ခ်ဈေးကွက်တွင် စတင်ဖွင့်တဲ့ ၉ နာရီရဲ့ အစပိုင်းလေးမှာတော့ စတော့ခ်ရှယ်ယာ
ဈေးတွေ မနေ့ကထက်စာရင် ၂% လောက် တက်လာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG