သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီနိုင်ငံ ရောမမြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပိုစတာ ဂုဏ်ပြုချိတ်ဆွဲထား


ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲစည်ကားနေ
တဲ့ အီတလီနိုင်ငံ ရောမမြို့တော် ခန်းမကြီးရဲ့
ရှေ့မှာ အဖမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
သမ္မတလောင်းဝင်ပြိုင်ဖို့ စည်းရုံးရေးဆင်းနေ
တုန်း ကွန်မြူနစ်သူပုန်တွေ ပြန်ပေးဆွဲသွား
တာကို ခံခဲ့ရတဲ့ ကိုလံဘီယာနိုင်ငံက အမျိုး
သမီး နိုင်ငံရေးခေါင်းဆောင် Ingrid
Betancourt တို့ရဲ့ ဓာတ်ပုံကြီးကို ပူးတွဲ
ချိတ်ဆွဲထားပါတယ်။ အကြောင်းစုံကို ဥရော
ပ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်
မသင်းသီရိကို ကိုကျော်အောင်လွင်က
ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အီတလီနိုင်ငံက အခုနောက်ပိုင်း မြန်မာ့ဒီမို
ကရေစီရေးကို အရင်ကထက်ပိုပြီး ဂရု
တစိုက် ရှိလာပုံရပါတယ်။ အခုဆိုရင် အီတလီနိုင်ငံ ရောမမြို့တော်ရဲ့ ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပိုစတာအကြီးကြီးကို ချိတ်ဆွဲထားတယ်လို့ ကြားရ
ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မသင်းသီရိ သိသလောက် ရှင်းပြပေးပါ။
“ဟုတ်ပါတယ် ကိုကျော်အောင်လွင်။ ရောမမြို့တော်ရဲ့ မြို့တော်ခန်းမ ရင်ပြင်ကြီးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံနဲ့အတူ ကိုလံဘီယာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
ရေး ကြိုးပမ်းတဲ့အတွက် ကွန်မြူနစ်သူပုန်တွေ ဖမ်းထားတဲ့ Ingrid Betancourt တို့ရဲ့
ပုံတွေကို ချိတ်ဆွဲပြီး ဂုဏ်ပြုထားပါတယ်။ အခုလိုဂုဏ်ပြုတာဟာ ရောမမြို့ရဲ့ မြို့တော်
ဝန်ကိုယ်တိုင်က ဆုံးဖြတ်ပြီး သူတို့နှစ်ယောက်ကို အခုလို ဂုဏ်ပြုလိုက်တာပါ။
“အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုလံဘီယာမှာ အဖမ်းခံထားရတဲ့ Ingrid Betancourt
တို့ဟာဆိုရင် မတရားဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သူနှစ်ဦးဖြစ်တယ်၊
ဒါကြောင့် ရောမမြို့ကြီးက သူတို့နဲ့အတူ သူတို့ရဲ့လုပ်ရပ်တွေအပေါ်မှာ အားပေးကူညီ
တယ်၊ သူတို့ကို ထောက်ခံတယ်။ ဒီ့အတွက်ကြောင့် ဒီအမျိုးသမီး ခေါင်းဆောင်နှစ်ဦး
အတွက် ရောမမြို့ကြီးက ဂုဏ်ပြုချိတ်ဆွဲထားတာဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါ
တယ်။
“အီတလီနိုင်ငံဆိုတာလည်း ကမ္ဘာလှည့်ခရီးသွားတွေ အများကြီးသွားတဲ့နေရာ
ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေ သတိပြုမိကြမယ်၊ အထူးသဖြင့် မြန်မာနိုင်ငံ
အကြောင်းကို ပိုပြီးသိလာကြမယ်၊ မြန်မာပြည်က လက်ရှိအခြေအနေတွေအပေါ်မှာ ပိုပြီးသုံးသပ်မိကြမယ်၊ ပိုနားလည်လာကြမယ်။ ဒါကြောင့် အခုလို သူတို့အနေနဲ့ ဂုဏ်ပြု
ချိတ်ဆွဲတာဖြစ်တယ်လို့ ရောမမြို့ရဲ့ မြို့တော်ဝန်က ပြောပါတယ်”

တခြားမြို့တွေမှာရော ဒီလိုလုပ်ရပ်မျိုး ရှိပါသေးလား။
“မြန်မာနိုင်ငံရဲ့အခြေအနေတွေက အီတလီနိုင်ငံမှာတင်မက ဥရောပတခွင်လုံးမှာ အရင်ကထက်စာရင် ပိုပြီးလှုပ်ရှားမှုတွေ တွေ့လာရတယ်လို့ ပြောရင်ရပါတယ်။ အခု
လို ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လွတ်လပ်ရေး၊ လူ့အခွင့်အရေးတွေအတွက် အမှတ်တရရှိတဲ့နေရာတွေမှာ ချိတ်ဆွဲထားတာဆိုရင် ပြင်သစ်နိုင်ငံမှာလည်း ရှိပါတယ်။
“ပြင်သစ်နိုင်ငံမှာဆိုရင် ရီပတ်ဘလစ်လို့ခေါ်တဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကြီးကို ချိတ်ဆွဲပြီးတော့ ပဲရစ်စ်မြို့တော်ဝန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ချိတ်ဆွဲထားတာ ၅ လနီးပါးရှိတော့
မှာပါ။ ပဲရစ်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်စ်မြို့တော်သူဆု ချီးမြှင့်ထားပါ
သေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့ရဲ့
ဂုဏ်ထူးဆောင် လူ့အခွင့်အရေးဆုအဖြစ် ချီးမြှင့်ခဲ့ပါတယ်။
“တခြားကြည့်မယ်ဆိုရင်လည်း အီတလီနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု
တွေ အများကြီးတွေ့ရပါတယ်။ ဒီဓာတ်ပုံကို ချိတ်ဆွဲတာဆိုရင်လည်း အီတလီနိုင်ငံက လူ့အခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့တွေ ပူးပေါင်းပြီး ပိုစတာကမ်ပိန်း လုပ်ခဲ့
တာပါ”
မသင်းသီရိပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG