သုံးရလွယ်ကူစေသည့် Link များ

ဖမ်းဆီးခံထားရသူ ကိုထင်ကျော် စစ်ခေါင်းဆောင်များကို ပြန်လည်တရားစွဲမည်ဟုပြော


ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေ ဦးဆောင်သူလို့
လူသိများတဲ့ ရန်ကုန်မြို့က ကိုထင်ကျော်တယောက်
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို ပြန်လည်တရားစွဲဆို
ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ထိန်းသိမ်းခံနေရတဲ့
ကြားက အခုလို အာဏာပိုင်တွေကို ဘာအတွက် တရားစွဲ
ဆိုမှာလဲဆိုတဲ့ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြထားပါတယ်။

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့လို့ ထိန်းသိမ်းခံနေရတဲ့ ကိုထင်ကျော်တယောက် အာဏာ
ပိုင်တွေက ပုဒ်မပေါင်းစုံနဲ့ အရေးယူခံရမယ့် အခြေအနေ
မှာ ရှိနေပေမယ့်လည်း ဥပဒေကြောင်းအရ သူရရှိသင့်တဲ့ အခွင့်အရေးအတိုင်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေကို
ပြန်လည် တရားစွဲဆိုမယ်လို့ ပြောဆိုလိုက်တာပါ။ ဒီကနေ့ ရန်ကုန်မြို့ အင်းစိန် ထောင်မှာ ထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့တဲ့ ဇနီးသည်ဖြစ်သူ မသန်းသန်းမော်ကို ကိုထင်ကျော်ရဲ့ နောက်ဆုံးအခြေအနေတွေနဲ့အတူ သူ မြန်မာ စစ်အစိုးရ အာဏာပိုင်တွေကို တရားစွဲဆိုမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးကြည့်ပါတယ်။

“ဒီနေ့ပဲတွေ့ပြီး ပြန်လာတာပါ။ ကိုထင်ကျော့်အခြေအနေကတော့ သူ Hunger Strike
ကို ဒီတလပိုင်း ၅ ရက်နေ့မှ ဖြုတ်တဲ့အကြောင်း၊ သူအားလုံးပေါင်း ၃၆ ရက်ရတဲ့
အကြောင်း၊ သူ့ကို ပန်းဘဲတန်းကနေ ပုဒ်မ ၅၀၅-ခ အပြင် နောက်တမှု ၁၂၄ ဆိုပြီး ထပ်စွဲတဲ့အကြောင်း ပြောလိုက်တယ်။ နောက် ကမာရွတ်ကစွဲတဲ့ အမှုကတော့ ပုဒ်မ
မတပ်ရသေးဘူး။ သူက ကမာရွတ်တရားရုံးကနေ နိုင်ငံတော် စစ်ခေါင်းဆောင်ကြီး
တွေကို သူကနေ ပြန်တရားစွဲမယ့်အကြောင်း ပြောလိုက်တယ်”

ဟုတ်ကဲ့၊ သူ့ကျန်းမာရေးအခြေအနေရော။
“ကျန်းမာရေးက ဘာမှမဖြစ်ပါဘူး။ အားနည်းတယ်ဆိုတဲ့ပုံစံလောက်ပဲ ကျမ တွေ့ရ
တယ်။ စကားပြောတာတော့ တော်တော်အားနည်းနေတယ်။ ဒီလောက်ပါပဲ။ သူ စစ်ခေါင်းဆောင်ကြီးတွေကို ပြန်ပြီးတရားစွဲမယ်၊ ၂၂-၃-၂၀၀၇ မှာ ဘုန်းကြီးဝတ်ခွင့်
မပေးလို့ လှည်းတန်းဈေးရှေ့မှာ ဆန္ဒပြခဲ့တယ်။ ၂၃-၃-၂၀၀၇ မှာ နေပြည်တော်ကနေ
တရားဝင်ခွင့်လွှတ်ကြောင်းပြောပြီး သူ့ကို ပြန်လွှတ်ထားတဲ့ကိစ္စကို အခု ကမာရွတ်က
နေ ပြန်တရားစွဲခဲ့တာကို သူက မကျေနပ်လို့၊ ကိုထင်ကျော်ကနေ ဒါ ကတိဖောက်ဖျက်
မှုဆိုပြီး ပြန်တရားစွဲမယ်ဆိုတဲ့အကြောင်း၊ ကိုထင်ကျော်ကိုတော့ အခန်းပြောင်းလိုက်
တယ်တဲ့၊ တိုက်နံပါတ် ၁၊ အခန်း ၁၃၊ အဲဒီမှာ သေဒဏ်ကျတဲ့ တရုတ်တယောက်နဲ့
ထားထားတယ်လို့ ပြောလိုက်တယ်”

ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ တကိုယ်တော် ဆန္ဒပြသူ ကိုထင်ကျော်
ရဲ့ ဇနီးသည်ဖြစ်သူ မသန်းသန်းမော် ပြောသွားတာပါ။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်း
က ဖမ်းဆီးခံနေရတဲ့ ကိုထင်ကျော်ကို အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က၊
ပုဒ်မ ၅၀၅-ခ စတဲ့ ပုဒ်မတွေ အပါအ၀င် ပြစ်မှုအများအပြားနဲ့ တရားစွဲဆိုဖို့ ပြင်ဆင် ထားတာ ဖြစ်ပါတယ်။ ကိုထင်ကျော် အမှုကိစ္စနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ဖို့ ရှေ့နေ ခန့်အပ်ခွင့် ရထားပေမယ့်လည်း အခုအချိန်အထိတော့ အာဏာပိုင်တွေက တိတိကျကျ တရားရုံးတင် စစ်ဆေးတာမျိုးတော့ မရှိသေးပါဘူး။

XS
SM
MD
LG