သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာနိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း မီးရှို့ခံရပြီး လူ ၃၀ ခန့်သေဆုံး


ကင်ညာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး
ကျယ်ကျယ်ပြန့်ပြန့် ဆူပူမှုတွေက လွတ်ရာ
လွတ်ကြောင်း နိုင်ငံအနောက်ပိုင်းက ခရစ် ယာန်ဘုရားရှိခိုးကျောင်းထဲမှာ သွားပြီး ခိုလှုံ နေကြတဲ့လူတွေ အဲဒီဘုရားရှိခိုးကျောင်း
မီးရှို့ခံရလို့ လူ ၃၀ လောက် သေဆုံးသွား
တယ်လို့ ဆိုပါတယ်။

အဲဒီ အယ်လ်ဒေါ်ရက်တ် (Eldoret) မြို့က
သေဆုံးမှုကြောင့် ရွေးကောက်ပွဲအပြီး ဆူပူ
မှုကြောင့် သေဆုံးသူဦးရေ ၂၀၀ ကျော်သွားတာဖြစ်တယ်၊ ဆူပူမှုအကျပ်အတည်း
အဆုံးသတ်ရေး ကူညီဆောင်ရွက်ကြပါလို့ ကင်ညာနိုင်ငံရေးသမားများကို ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေက မေတ္တာရပ်ခံထားတယ် စသဖြင့် သတင်းများမှာ ပါရှိပါတယ်။

ကင်ညာနိုင်ငံရဲ့ အရင်က ကိုလိုနီဖြစ်ခဲ့တဲ့ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
(Gordon Brown) က ကင်ညာသမ္မတ မွာအီ ကီဘာကီ (Mwai Kibaki) နဲ့ အတိုက်အခံ
သမ္မတလောင်း ရေလာ အိုဒင်ဂါ (Raila Odinga) တို့ ဆွေးနွေးကြတာကို သူ့အနေနဲ့ မြင်တွေ့လိုတယ်လို့ ပြောဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) ကလည်း ကင်ညာနိုင်ငံ ရွေးကောက်ပွဲရလဒ်ကို ဘက်မလိုက်
တဲ့ စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်မှသာလျှင် ရလဒ်အဖြေမှန် ထွက်လာလိမ့်မယ်လို့ ပြောဆိုကြေညာခဲ့ပါတယ်။

XS
SM
MD
LG