သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင် ထောင်တွင်း၌ ကျန်းမာရေးဆိုးဝါးနေ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဘုရားမှာဆုတောင်းရင်း အပြန်မှာ သံလက်သီးနဲ့ မျက်နှာကို အထိုးခံခဲ့ရတဲ့ မတ္တရာ
မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်
ဟာ ဆေးဝါးကုသခံနေရင်းပဲ စက်တင်ဘာလဆန်းကတည်းက အထိန်းသိမ်းခံခဲ့ရပါ
တယ်။ ဒီလိုအဖမ်းခံနေရတဲ့အတွက် မန္တလေးထောင်ထဲမှာ မျက်စိတိမ်စွဲခဲ့တဲ့အပြင်
နှလုံးရောဂါလည်း စွဲကပ်ခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ဒေါ်အေးအေးမာက တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းလွင်ဟာ စက်တင်ဘာလဆန်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး မန္တလေး အိုးဘို
ထောင်ထဲမှာ မျက်စိတိမ်စွဲခြင်းနဲ့ နှလုံးရောဂါလက္ခဏာ တွေ့ရှိရကြောင်း မိသားစုက
ပြောပါတယ်။
“ရေတိမ်ဖြစ်သွားတယ်တဲ့။ မျက်ရိုးတွေကိုက်၊ မျက်ရည်ပူတွေကျပေါ့၊ ထမင်းလည်း
မစားနိုင်ဘူး။ လူက တော်တော့ကို ချိနဲ့သွားတာပေါ့။ အားအင်ကလည်းနည်း၊ အခု
လည်း ထမင်းကတော့ စားမရသေးဘူးလို့ပြောတယ်။ ဆရာဝန်ကပြောတယ်၊ နှလုံး
လည်းရှိတယ်တဲ့၊ နှလုံးရောဂါလည်း စနေတယ်တဲ့”

ဦးသန်းလွင်ကိုထိုးသွားတဲ့ တရားခံကို ရဲတွေနဲ့အတူ ဝင်ရောက်ရှာဖွေခွင့်ပြုဖို့အတွက်
တောင်းဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ ဦးသန်းလွင်ရဲ့ မိသားစုဝင်
တွေကိုတော့ ပြည်ခိုင်ဖြိုးအဖွဲ့ကပဲ ပုဒ်မ ၅၀၆၊ ခြိမ်းခြောက်မှုနဲ့ တရားစွဲခဲ့ပြီး အာဏာ
ပိုင်တွေက ထောင်ချခဲ့ပါတယ်။ ဦးသန်းလွင်ကိုတော့ စက်တင်ဘာလဆန်းပိုင်းမှာ
ကတည်းက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဒီ့နောက် ဦးသန်းလွင်
ရဲ့ မိသားစုဝင်တွေထဲက သမီး ၂ ဦးနဲ့ သားမက် ၁ ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး သားဖြစ်သူကတော့ အခုထက်ထိ ခန္တီးအကျဉ်းထောင်ထဲမှာ ထောင်ကျနေဆဲဖြစ်ပါ
တယ်။

အာဏာပိုင်တွေဘက်က ဦးသန်းလွင်ကိုထိုးသွားတဲ့ တရားခံကိုတော့ ရှာဖွေစုံစမ်းခြင်း
မလုပ်ဘူးလို့ မိသားစုက ပြောပါတယ်။ သံလက်သီးနဲ့ အထိုးခံရတဲ့ ခင်ပွန်းသည်ဟာ အပြစ်မရှိတာကြောင့် ကောင်းမွန်စွာ ဆေးဝါးကုသခွင့် ခံယူခွင့်ရှိရမယ်၊ ပြန်လည်း လွှတ်ပေးသင့်ပါတယ်ဆိုပြီး ဇနီးဖြစ်သူက အခုလို ပြောပါတယ်။
“အဲဒီထဲရောက်မှ အထိုးခံရတဲ့ဟာက ဆေးကုတုန်းတန်းလန်းကိုး။ ညကြီးခေါ်သွား
တော့ ဆေးလည်းမပေးရ၊ ပြတ်သွားတာကိုက သုံးလလောက်ကြာတာပဲ။ ဒေါ်လေး
တို့ကတော့ ဆေးရုံတင်ပြီးတော့ ကုချင်တာပေါ့လေ၊ အနီးကပ်။ လိုအပ်တာရှိတာ အကုန်လုပ်ပေးချင်တာ၊ အဲလိုလည်းမဟုတ်ဘူး။ ပြောချင်တာတော့ အသက်ကလည်း
ကြီးပြီ၊ သူလည်း ဘာမှအပြစ်ရှိတာလည်း မဟုတ်တော့ သူ့ကိုလွှတ်ပေးစေချင်တာ
ပေါ့ကွယ်၊ ဒေါ်လေးကတော့”

အာဏာပိုင်တွေဟာ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်သူတွေရဲ့ အမှုတော်တော်များများ
မှာဆိုရင် အပြစ်မရှိဘဲ အထိုးခံရသူ၊ နစ်နာသူကိုသာ ထောင်ချလေ့ရှိတာကိုလည်း
တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG