သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီကေဘီအေကို ကေအဲန်ယူတိုက်ခိုက်၊ အသေအပျောက်ရှိ


ကရင်ပြည်နယ်အတွင်းမှာ ကရင်လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေက ဒီကြားထဲ
မှာ ပိုပြီးတွေ့နေရပါတယ်။ မနေ့က ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းမှာ တိုးတက်
သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား
တစီးကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်တာ
ကြောင့် ဒီကေဘီအေတပ်သားအချို့ သေဆုံးတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့
ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်သွယ်
မေးမြန်း တင်ပြထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝလေနဲ့ ဖလူးကြားနေရာမှာ ဒီကေဘီအေ ဒီမို
ကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် ပိုင်တဲ့ကားတွေကို ကေအဲန်ယူ ကရင်အမျိုးသား
အစည်းအရုံး အထူးတပ်ရင်းက ပစ်ခတ်ခဲ့တာကြောင့် သုံးဦးထက်မနည်း သေဆုံးခဲ့ပြီး
ပြင်းထန်စွာ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကေအဲန်ယူ
ပြန်ကြားရေးနဲ့ စည်းရုံးရေးဌာနတာဝန်ခံ ဗိုလ်မှူးစောလှငွေကို မေးကြည့်တဲ့အခါမှာ
တော့ …
“ဒီကေဘီအေက ကားနှစ်စီးနဲ့ နအဖဘက်က ကားတစီး၊ စုစုပေါင်း ကားသုံးစီးကို တိုက် ခိုက်ခဲ့တာဖြစ်တယ်။ အသေအပျောက်ကတော့ ကိုးယောက်မှာ အဲဒီနေရာမှာ ပွဲချင်းပြီး နှစ်ယောက်သေတယ်လို့ကြားတယ်။ နောက် အဲဒီကိုးယောက်ထဲက ဒီနေ့မှာ မြဝတီ
ဆေးရုံမှာ နောက်တယောက်သေတယ်လို့ ကြားတယ်။ ထိသွားတဲ့အဖွဲ့ကတော့ ဒီကေ
ဘီအေ ၃၃၃ တပ်ရင်းကလို့ ပြောတယ်”

ဇန်နဝါရီလအတွင်းမှာတော့ အခုလိုမျိုး လမ်းတွေမှာစောင့်ပြီး ကေအဲန်ယူဘက်က ပစ်ခတ်မှုတွေရှိတာကြောင့် ဒါဟာ ဒီကေဘီအေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ
ဟုတ်ပါသလားလို့ မေးတဲ့အခါမှာတော့ …
“ဒီကေဘီအေရယ်လို့ ပစ်မှတ်ထားပြီး တိုက်တဲ့အနေအထားတော့ မဟုတ်ပါဘူး။ အဲဒီ
ခွင်မှာရှိတဲ့ ကျနော်တို့နဲ့ ထိပ်တိုက်တိုးလာလို့ တိုက်တာဖြစ်တယ်။ ဒီကေဘီအေလို့
ဆိုပြီး တိုက်တာတော့မဟုတ်ဘူး။ ကျနော်တို့ကို နယ်မြေစိုးမိုးရေး၊ နယ်မြေသိမ်းပိုက်
ရေးနဲ့ အာရှလမ်းမကြီး ဖောက်လုပ်ရေးအတွက် သူတို့တွေက ဒီနယ်မြေကို မရရ
အောင် ရှင်းမယ်ဆိုပြီး ဒီကေဘီအေတပ်တွေရော၊ နအဖတပ်တွေရော သူတို့က အဲလို လုပ်နေတဲ့သဘောရှိတယ်။
“ကျနော်တို့တိုက်တာကတော့ ကျနော်တို့ဆီကိုတက်လာတဲ့ ရန်သူကို တိုက်တာပဲ။
အဲဒါက နအဖလား၊ ဒီကေဘီအေလား၊ ဒါမှမဟုတ် နအဖက အသုံးချနေတဲ့ တခြား
တခြားသော လက်နက်ကိုင်ငြိမ်းချမ်းရေးတပ်ဖွဲ့တွေလား၊ ဒါတော့မပြောတတ်ဘူး။
ဒါပေမယ့် ဒီကေဘီအေမို့လို့ ခွဲခြားပြီးတိုက်တာတော့ မဟုတ်ဘူး”

ဇန်နဝါရီလအတွင်းမှာလည်း ခြောက်ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး ဒီတလ နှစ်လ
အတွင်းမှာ တိုက်ပွဲပေါင်း သုံးဆယ်ကျော်ဖြစ်ခဲ့ပြီလို့ ကေအဲန်ယူဘက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေဟာ များသောအားဖြင့် ဒီကေဘီအေနဲ့သာ တိုက်ခိုက်တာဖြစ်တယ်လို့ သတင်းတွေထွက်နေတာကြောင့် စစ်အစိုးရတပ်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေလည်း ရှိတဲ့
အကြောင်း ကေအဲန်ယူဘက်က ပြောပါတယ်။
“၁၇ ရက်နေ့ကတိုက်ပွဲဆိုရင် နအဖ ခလရ ၉၃ နဲ့ဖြစ်တဲ့တိုက်ပွဲဖြစ်တယ်။ ဥပမာ ၁၂ ရက်နေ့မှာဆိုရင် ခမရ ၃၈ နဲ့ဖြစ်တဲ့တိုက်ပွဲဖြစ်တယ်။ ၁၅ ရက်နေ့မှာဆိုလည်း ခမရ
၄၀၆ နဲ့ဖြစ်တယ်။ ဒါကြောင့် ဒီကေဘီအေချည်းပဲ ဦးတည်တိုက်တယ်လို့တော့ ပြောလို့
မရဘူး။ ဒီလအတွင်းမှာ ဒီကေဘီအေနဲ့ တွေ့တဲ့တိုက်ပွဲတွေမှာ ဇန်နဝါရီလအတွင်းမှာ နအဖနဲ့တောင်မှ တွေ့တာများတယ်လို့ ပြောလို့ရသေးတယ်”

စစ်အစိုးရတပ်တွေအနေနဲ့ ကရင်လူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ ရွာတွေကို
မီးရှို့ခြင်း၊ ပေါ်တာဆွဲခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းတွေ ရှိနေတာကြောင့် အခု
လိုမျိုး ကရင်ပြည်နယ် ကော့ကရိတ်၊ ကျုံဒိုး စတဲ့နေရာတွေမှာလည်း ကေအဲန်ယူ
ဘက်က ပြန်လည်တိုက်ခိုက်နေတာဖြစ်ကြောင်းကိုလည်း ကေအဲန်ယူဘက်က ပြောပါ
တယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဒီကေဘီအေ ကရင်ဗုဒ္ဓဘာသာတပ်ကိုတော့
ဆက်သွယ်လို့မရခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG