သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်လိုက်ပြီ၊ ထိုင်းရှိ မြန်မာအတိုက်အခံများအတွက် စိုးရိမ်ဖွယ်ရှိ


ဒီနေ့ ထိုင်းလွှတ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရွေးကောက်ပွဲတွေမှာ အမတ်နေရာအများ
ဆုံးရရှိလိုက်တဲ့ ပြည်သူ့အာဏာပါတီ (ပီပီပီ)
ရဲ့ ဥက္ကဋ္ဌ ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) ကို ဝန်ကြီးချုပ်အဖြစ်
နဲ့ ရွေးချယ်လိုက်ပါတယ်။ ၂၀၀၆ ခုနှစ်
အတွင်း စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချ
ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်
နာဝပ် (Thaksin Shinawatra) ရဲ့ ထိုင်းရတ်
ထိုင်းပါတီ ဖျက်သိမ်းခံရပြီးနောက် ပီပီပီပါတီ
ကို အစားထိုးဖွဲ့စည်းခဲ့တာမို့ ပီပီပီပါတီရဲ့နောက်ကွယ်မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်
က ကြိုးကိုင်ထားနိုင်တယ်လို့ ထိုင်းနိုင်ငံရေးအကဲခတ်တွေက ယူဆကြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ထိုင်းအစိုးရသစ်ရဲ့မူဝါဒတွေဟာလည်း သက်ဆင် အစိုးရလက်ထက်ကထားတဲ့မူဝါဒနဲ့ တူနေနိုင်တာမို့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာ့
ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက်လည်း သတိထားနေထိုင်ရမယ့် အလားအလာ
ရှိတယ်လို့ ပြောကြပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါ
တယ်။

ပီပီပီပါတီခေါင်းဆောင် ဆမတ်ဆွန်ထရာဝေးကို ထောက်ခံမဲ ၃၁၀ မဲနဲ့ ဝန်ကြီးချုပ်သစ်
အဖြစ် ရွေးချယ်လိုက်တဲ့အကြောင်း အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင်
အဗီဆစ်ဝပ်ချာချီဝပ် (Abhisiit Vejjajiva) ကတော့ ၁၃၆ မဲရတဲ့အကြောင်း လွှတ်တော်
ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ ပီပီပီပါတီက ရုန်ရုသ်တီရာပိုင်ရတ် (Yongyuth Tiyapairat) က ဒီနေ့လွှတ်တော်မှာ ထိုင်းဘာသာစကားနဲ့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ခွန်ဆမတ်အနေနဲ့ ထိုင်း
ဘုရင်က အသိအမှတ်ပြုတဲ့လက်ခံစာ ထုတ်ပြန်ပြီးမှ ဝန်ကြီးချုပ်အသစ် တရားဝင်ဖြစ်
လာမှာပါ။ ဖြုတ်ချခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် စိတ်ကြိုက်ရွေးချယ်ထား
တဲ့လူလို့ သူကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့တဲ့ အသက် ၇၂ နှစ်အရွယ် ခွန်ဆမတ်ဟာ သမာဆတ်တက္ကသိုလ်က ဥပဒေဘွဲ့ရဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်မှာ နိုင်ငံရေး
လောကထဲ ဝင်လာသူဖြစ်ပါတယ်။

သူဟာ လွှတ်တော်အမတ်အပြင် ဘန်ကောက်အုပ်ချုပ်ရေးမှူး၊ ပြည်ထဲရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတာ ဖြစ်ပါတယ်။
သူကိုယ်တိုင်က သတင်းမီဒီယာနဲ့ သိပ်သင့်မြတ်လှတဲ့ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးဘဝက နိုင်ငံခြားက မီးသတ်ကားဝယ်ယူတဲ့ မသမာမှုနဲ့ စုံစမ်း စစ်ဆေးခြင်းခံနေရသူလည်း ဖြစ်ပါတယ်။

သူ့အစိုးရအသစ်အနေနဲ့ ဗြိတိန်ကနေ ဟောင်ကောင်ကို အခု ပြောင်းရွှေ့အခြေစိုက်တဲ့
သက်ဆင်ရဲ့ ရုပ်သေးအစိုးရဖြစ်လိမ့်မယ်လို့ အများက ဝေဖန်ခဲ့ကြတာလည်း ရှိပါတယ်။ ထိုင်းအစိုးရသစ်နဲ့ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ထားရှိနိုင်မယ့် ပေါ်လစီသစ်နဲ့ပတ်သက်လို့
တော့ Forum Asia လူ့အခွင့်အရေးအဖွဲ့က စူနိုင်းဖာဆွတ်ကတော့ ခွန်ဆမတ် အစိုးရ
သစ်လက်ထက်မှာ ထိုင်းနိုင်ငံတွင်းရှိနေတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ
အတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“အာဏာရပါတီခေါင်းဆောင်ရဲ့ ပီပီပီပါတီဟာ ထိုင်းရတ်ထိုင်းပါတီဖြစ်တဲ့ သက်ဆင်
ရှင်နာဝပ်ရဲ့ပါတီကို ပြန်အသက်သွင်းထားတဲ့ အချက်ကိုက ထိုင်းအခြေစိုက် မြန်မာ့ဒီမို
ကရေစီရေး လှုပ်ရှားသူတွေအတွက် စိုးရိမ်မကင်းဖြစ်စရာပါ။ သက်ဆင်အနေနဲ့
သက္ကရာဇ် ၂၀၀၁ ခုကနေ ၂၀၀၆ ခုအထိ အာဏာရစဉ်အတွင်း မြန်မာစစ်အစိုးရနဲ့
အလျင်းသင့်ဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အုပ်စုတွေကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့တာတွေ
ရှိပါတယ်။ ဒီမိုကရေစီရေးဆန္ဒပြမှု လူစုလူဝေးတွေကို လုံးဝခွင့်မပြုခဲ့ပါဘူး။ မြို့ဆင်ခြေ
ဖုံးမှာရှိနေတဲ့ ယူအဲန်အိတ်ချ်စီအာရုံးတွေကိုလည်း နယ်စပ်ဆီကို ရွှေ့ပြောင်းခဲ့ပြီး ဒီမို ကရေစီရေးလှုပ်ရှားသူတွေကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အတော်များများကို
လည်း ဖမ်းဆီးခဲ့ပြီး စခန်းတွေကိုပို့တာတွေ ရှိပါတယ်။ တချို့ဆို ဌာနေပြန်ပို့မယ်လို့ ခြိမ်းခြောက်ခံရတာတွေ ရှိပါတယ်။ မဲဆောက်ရှိ ဒေါက်တာစင်သီယာမောင်ရဲ့ဆေးခန်း
ကိုတောင် ပိတ်ပစ်ဖို့ သက်ဆင်က ကြိုးစားခဲ့ဖူးတာတွေ ရှိပါတယ်” လို့ စူနိုင်းဖာဆွတ်က ပြောသွားတာဖြစ်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အလားအလာနဲ့ပတ်သက်လို့ မြန်မာ့အရေး လေ့လာ
သုံးသပ်သူ ကိုဝင်းမင်းရဲ့အမြင်ကို မေးကြည့်ခဲ့ပါတယ်။

“အရင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်လုပ်ခဲ့တဲ့ နိုင်ငံခြားရေးပေါ်လစီမျိုးကိုပဲ ဆက်ပြီး
တော့ ကျင့်သုံးဖို့များပါတယ်။ အဲတော့ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီကတော့ စီးပွားရေးကို
အဓိကထား အခြေခံတဲ့ နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးမှာဖြစ်ပါတယ်။ အဲဒီအတွက်
စစ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကို သူတို့က ပိုပြီးတော့လုပ်ဖို့ အလားအလာများပါတယ်”

ခွန်ဆမတ်အစိုးရသစ်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိနိုင်တဲ့ ပေါ်လစီအလားအလာနဲ့
ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ကိုဝင်းမင်းရဲ့အမြင်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG