သုံးရလွယ်ကူစေသည့် Link များ

နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် အထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင် ကျန်းမာရေးဆိုးရွားနေ


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို စွဲချက်တင်ဖို့ စီစဉ်နေတဲ့အချိန်မှာ တခြားကျောင်းသားခေါင်းဆောင်တဦးကတော့ ရုံးတင်စစ်ဆေးခြင်း မခံရသေးခင်မှာ
ဘဲ အာဏာပါးကွက်သားတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံနေရပြီး ကျန်းမာရေးယိုယွင်း
နေပါတယ်။ စက်တင်ဘာ ရွှေဝါရောင်လှုပ်ရှားမှုတွေအပြီး ၂၀၀၇ ဒီဇင်ဘာလတုန်းက နေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့ ကိုမျိုးရန်နောင်သိန်းရဲ့ ညီဖြစ်သူနဲ့ ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေမြန်မာပိုင်း ပါရီမြို့အခြေစိုက် သတင်းထောက် မသင်းသီရိက တင်ပြထားပါ
တယ်။

ဖမ်းဆီးခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိန်းကို
မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်စိန်က ပထမဦးဆုံးအကြိမ် ထောင်ဝင်စာတွေ့ခဲ့ရတဲ့အခါ ကိုမျိုးရန်နောင်သိန်းဟာ ကျန်းမာရေးအခြေအနေ အလွန်ဆိုးဝါးနေတာ တွေ့လိုက်ရ
တယ်လို့ ညီဖြစ်တဲ့ ကိုမျိုးထိုက်သန်းသိန်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ဘယ်လိုဖြစ်လဲဆိုတော့ သူ့ရဲ့ကိုယ် ဘယ်ဘက်တခြမ်းလုံး လှုပ်ရှားလို့မရဘူး။ ကိုယ်
တခြမ်းသေသလို ဖြစ်နေတယ်။ နောက် လမ်းလည်းလျှောက်လို့မရဘူးခင်ဗျ။ လျှောက်
လို့မရတော့ တယောက်က တွဲခေါ်ပြီး ထုတ်လာရတယ်။ အဲဒါနဲ့ မေမေက သူ့ကို မေးကြည့်တဲ့အခါကျတော့ စစ်ကြောရေးမှာ သူ နှိပ်စက်ခံထားရတဲ့ဒဏ်တွေနဲ့၊ အခု
ဆောင်းတွင်းက အေးတယ်၊ ထောင်ထဲက အခြေအနေကလည်း အေးတဲ့အခါကျတော့ ကိုယ်တခြမ်းလုံးသေတဲ့ပုံစံမျိုး ဖြစ်နေတယ်”

သူ့ကို အာဏာပိုင်တွေက အရေးပေါ်စီမံမှုအက်ဥပဒေ ၅/ည နဲ့ စွဲချက်တင်ထားပြီး စစ်ကြောရေးအတွင်းမှာ နှိပ်စက်ခံခဲ့ရပုံ အကြောင်းတွေကိုလည်း မိခင်ကို ပြောပြခဲ့
တယ်လို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။

“စစ်ကြောရေးမှာ တော်တော်လေးကို သူနှိပ်စက်ခံရတယ်ပြောတယ်။ သူ နှိပ်စက်ခံရ
တာက ကန်တယ်၊ ထိုးတယ်၊ ၀ိုင်းပြီးလုပ်ကြတယ်။ အက်စ်ဘီနဲ့ စွမ်းအားရှင်နဲ့ပေါ့”

အခုလိုကျန်းမာရေးဆိုးဝါးနေတဲ့အပေါ်မှာ အကျဉ်းထောင်တွင်း ဆေးဝါးကုသခွင့် ရခဲ့ပါ
သလားလို့ မေးကြည့်တဲ့အခါ သူက …

“အဲဒါတော့မပြောဘူးခင်ဗျ။ သူလည်း ကျန်းမာရေးတော်တော်မကောင်းတော့ စကား
လည်း တော်တော်မပြောနိုင်ဘူး”

နောက် ရှေ့လာမယ့်အပတ်တွေအတွင်း ပန်းဘဲတန်းရဲစခန်းမှာ ရုံးတင်စစ်ဆေးဖို့ စီစဉ် ထားကြောင်းလည်း သိခဲ့ရတယ်လို့ ဆက်ပြောပြပါတယ်။

“တကယ်လို့ သူ့ကိုရုံးထုတ်တဲ့အခါကျရင်လည်း ကျနော်တို့ဘက်က အတတ်နိုင်ဆုံး တရားမှုဖြစ်အောင် ရှေ့နေတွေငှားဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ဘက်က အမှန်
ဆုံးဖြစ်အောင် ခုခံကာကွယ်သွားဖို့ အစီအစဉ်ရှိပါတယ်”

ကိုမျိုးရန်နောင်သိန်းကို ရွှေဝါရောင်လှုပ်ရှားမှုကာလတွေအပြီး ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ
လ ၁၄ ရက်နေ့က နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။ သူ့ကိုဖမ်းဆီးစဉ်အခါတုန်း
ကလည်း စွမ်းအားရှင်အဖွဲ့တွေက ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ညီဖြစ်သူ ကိုမျိုးထိုက်သန်းသိန်းက ပြောပြပါတယ်။

“သူက အိမ်ကနေ အောက်ကိုအဆင်း၊ အဲဒီလမ်းမှာတင်ပဲ စွမ်းအားရှင်တွေက သူ့ကို
ဖမ်းတာ။ သူ့ကိုဖမ်းတုန်းကလည်း စွမ်းအားရှင်တွေက ၀ိုင်းပြီးရိုက်တယ်၊ ၀ိုင်းကန်တယ်၊
ဝိုင်းထိုးတယ်”
ကိုမျိုးရန်နောင်သိန်းရဲ့ညီဖြစ်သူ ကိုမျိုးထိုက်သန်းသိန်း ပြောပြခဲ့တာပါ။

ကိုမျိုးရန်နောင်သိန်းဟာ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွေကြောင့် သရက်ထောင်မှာ
ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရဖူးသလို အဲဒီကတည်းက ထောင်တွင်း နှိပ်စက်မှုတွေကြောင့် ခြေထောက်အောက်ပိုင်း လှုပ်ရှားလို့မရတော့တဲ့အထိ ကျန်းမာ
ရေးဆိုးဝါးခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG