သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့က မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ၂၀၀၈ ခုနှစ်အတွင်း တိုးမြှင့်ပေးအပ်သွားမည်


ကမ္ဘာပေါ်မှာရှိတဲ့ လူသားချင်းစာနာမှု အထောက်အကူပေးတဲ့ အဖွဲ့အစည်းတွေထဲ
က အကြီးဆုံးဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီ
အစဉ် (WFP) က မြန်မာနိုင်ငံအတွက် ၂၀၀၇
ခုနှစ်ဆိုင်ရာ သတင်းကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ
WFP ရဲ့ လုပ်ငန်းမျှော်မှန်းချက်တွေကို
ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့
အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီ ၂၀၀၇ ခုနှစ် လုပ်ငန်းအစီအစဉ်တွေနဲ့
ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက
ဦးကျော်ဇော်ညွန့် WFP လန်ဒန်ဌာနခွဲရဲ့ တာဝန်ခံအရာရှိတဦးဖြစ်တဲ့ ဂရေဂရီဘယ်ရို
(Gregory Barrow) ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ၂၀၀၇ ခုနှစ် နှစ်ဆန်းကစပြီး မြန်မာနိုင်ငံ
အတွက် ချမှတ်လိုက်တဲ့ သုံးနှစ်စီမံကိန်းရဲ့ ပထမနှစ်ဖြစ်တဲ့ ၂၀၀၇ ခုနှစ်ဟာ ပြီးဆုံး သွားပြီဖြစ်တဲ့အတွက် WFP အနေနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာများရဲ့ အောင်မြင်မှု အနေအထားနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပါသလဲလို့ မေးမြန်းရာမှာ …
“စီမံကိန်း ပထမနှစ်ဖြစ်တဲ့ ၂၀၀၇ ခုနှစ်မှာ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ စားနပ်
ရိက္ခာ အလွန့်အလွန်ပြတ်လပ်နေတဲ့ဒဏ်ကို ခံနေရတဲ့ မြန်မာနိုင်ငံတွင်းက လူပေါင်း ငါးသိန်းလောက်ကို စားနပ်ရိက္ခာ အရေးပေါ်အကူအညီ ပေးနိုင်ခဲ့ပါတယ်။ အာဟာရ
ဓာတ်ချို့တဲ့မှုက ကင်းဝေးနိုင်အောင် အကူအညီ ပေးနိုင်ခဲ့ပါတယ်”

စားနပ်ရိက္ခာအပြင် တခြားဘယ်လိုအကူအညီမျိုးတွေရော ၂၀၀၇ ခုနှစ်အတွင်းက
ပေးခဲ့ပါသလဲလို့ မေးမြန်းရာမှာ သူက …
“WFP အစီအစဉ်က အမျိုးအစားမတူကြတဲ့ ဒုက္ခသည်အများအပြားကို အကူအညီ
ပေးနိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာများ၊ မွတ်ဆလင်များကို
ကျနော်တို့ အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါတင်မက တချိန်က ဘိန်းစိုက်ပျိုးခဲ့တဲ့ လယ်
သမားတွေကိုလည်း ကျနော်တို့ဟာ စီးပွားဖြစ် သီးနှံစိုက်ပျိုးဖို့ရန် အကူအညီပေးခဲ့တာ
ကိုလည်း မှတ်သားဖို့ အရေးကြီးပါတယ်။
“မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားဒေသမှာ စားနပ်ရိက္ခာ ပြတ်လပ်နေကြတဲ့
သူတွေကိုလည်း အကူအညီပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး HIV ရောဂါပိုး ကပ်ငြိနေသူ
တွေနဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ၊ တီဘီရောဂါရှင်တွေကို အကူအညီ အများ
ကြီး ပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွင်းမှာ ရဟန်းရှင်လူ ပြည်သူများရဲ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆန္ဒပြခဲ့တဲ့ အရေးအခင်းကာလအတွင်းမှာ WFP က …
“၂၀၀၇ ခု နိုင်ငံရေးအုံကြွမှု ဖြစ်ပွားစဉ်ကာလအတွင်း ကျနော်တို့ဟာ အကူအညီ
လိုအပ်နေတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်တို့ရဲ့ စားနပ်ရိက္ခာတင် ထရပ်ကားကြီးတွေကို အကူအညီလိုအပ်တဲ့နေရာတွေ၊ ဒေသတွေကို မောင်းနှင်ဖို့အခက်အခဲနဲ့ ပထမ ကြုံရပါတယ်။ ဒါပေမယ့် အခက်အခဲ ပြဿနာကို အချိန်မနှောင်းမီမှာဘဲ အမြန်ကုစားနိုင်ခဲ့တဲ့အတွက် WFP ရဲ့ ထရပ်တွေဟာ လိုရာခရီး
ကို သွားနိုင်ခဲ့ပါတယ်”

WFP ကပေးတဲ့အကူအညီဟာ စားနပ်ရိက္ခာတင်မဟုတ်၊ Lively Hood Opportunities
လို့ခေါ်တဲ့ စားနပ်ရိက္ခာတင်မက စားဝတ်နေထိုင်ရေးအတွက် အခွင့်အလမ်းတွေကိုပါ ရှာကြံပေးတယ်လို့ ဖော်ပြထားတဲ့အတွက် ဘယ်လိုအခွင့်အလမ်းများပါလဲလို့ မေးမြန်း
ရာမှာ သူက …
“ဒီစကားရပ်ဟာ လူသားချင်းစာနာမှု အကူအညီပေးတဲ့ နည်းပညာရပ်ဆိုင်ရာ အသုံး အနှုန်းဖြစ်ပါတယ်။ လူသားတယောက် အကူအညီလိုတဲ့ စားနပ်ရိက္ခာ တခုတည်းသာ
မဟုတ်ဘဲ သူ့ရဲ့ ဘဝတလျှောက်လုံးမှာ ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ အသက်မွေး
ဝမ်းကျောင်းမှုပညာ၊ နေရေးထိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍတွေရဲ့ လိုအပ်ချက် ကွက်လပ်တွေကို WFP အစီအစဉ်က ဖြည့်ဆည်းပေးတဲ့ နည်းပညာအကူပဲဖြစ်ပါတယ်။ အရေးပေါ် လိုအပ်တဲ့ စားနပ်ရိက္ခာ အကူတွေကို ပေးတာ
မှန်ပေမယ့် ကျနော်တို့ရဲ့ အစီအစဉ်ဟာ ဒီ့ထက်ပိုနက်ရှိုင်းပါတယ်” လို့ သူက ပြောပါ
တယ်။

၂၀၀၈ ခု WFP ရဲ့ မြန်မာနိုင်ငံအစီအစဉ် အလားအလာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါ
သလဲလို့ မေးမြန်းရာမှာ …
“၂၀၀၈ ဟာ ၂၀၀၇ ခုလိုပဲ WFP အစီအစဉ်အနေနဲ့ သူ့ရဲ့ လျာထားချက်တွေကို ပြည့်မီ
အောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ထားပါတယ်။ အလားအလာကောင်းမယ်
လို့လည်း မျှော်လင့်ကြောင်း” သူက ပြောကြားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လန်ဒန်မြို့အခြေစိုက် ဌာနခွဲတာဝန်ခံအရာရှိ ဂရေဂရီဘယ်ရိုရဲ့ ပြောကြားချက်များ ဖြစ်ပါတယ်။

XS
SM
MD
LG